■ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီဝင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးအား ရွေးချယ်တင်မြှောက်

■ ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီဝင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးအား ရွေးချယ်တင်မြှောက်
Published 31 March 2026

ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတအဖြစ် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးအား ရွေးချယ်တင်မြှောက်ခဲ့သည်။ 

ယနေ့ (မတ် ၃၁ ရက်) တွင် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒုတိယနေ့ကို အမျိုးသားလွှတ်တော်တွင် ကျင်းပခဲ့သည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းများအဖြစ်  ပြည်ခိုင်ဖြိုးပါတီဝင် ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတ ီ(KSPP) ဥက္ကဋ္ဌ  ကချင်ပြည်နယ် အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၂) မှ ဒေါက်တာမနမ်တူးဂျာတို့အား အမည်စာရင်းတင်သွင်းထားသဖြင့် အမည်စာရင်းတင်သွင်းသူ နှစ်ဦးရှိသောကြောင့် ဆန္ဒမဲလက်မှတ်ဖြင့် မဲခွဲဆုံးဖြတ်ခဲ့သည်။

ထိုသိုမဲခွဲဆုံးဖြတ်ရာတွင် ရွေးကောက်ခံ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦးရှိသည့်အနက် ကျန်းမာရေးအရ ခွင့်ပန်ကြားသူနှစ်ဦးရှိပြီး ၁၅၅ ဦးက မဲပေးရွေးချယ်ရာတွင် ဒုတိယသမ္မတလောင်း ဒေါ်နန်းနီနီအေးက ၁၁၇ မဲ၊ ဒေါက်တာမနမ်တူးဂျာက ၃၈ မဲ အသီးသီးရရှိသဖြင့် ဒေါ်နန်းနီနီအေးသည်  ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီဖြစ်သည်။

ဒေါ်နန်းနီနီအေးသည် ပထမအကြိမ်လွှတ်တော်နှင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းကာလများတွင် နှစ်ကြိမ်ဆက်တိုက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး လက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်နှင့် ပြည်နယ်ပါတီ ပါတီဥက္ကဋ္ဌတစ်ဦးဖြစ်သကဲ့သို့ ကရင်ပြည်နယ်လွှတ်တော်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။

ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစိုအဖွဲက ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအမည်စာရင်းကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြမည်ဖြစ်သည်။

 

Most Read

Most Recent