ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်တစ်ီးတိမ်းမှောက်ရာ သံဃာတစ်ပါးပျံလွန်တော်မူပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၈ ရက်နံနက် ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၁၈မိုင် ၄ဖာလုံတွင် အဆိုပါမော်တော်ယာဉ်မှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်နေရာသို့ အမြန်လမ်း ပန်တင်မီးသတ်စခန်းမှအဖွဲ့ဝင်များ၊ အမြန်လမ်းယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် M-Rescue Magway မြေပြင်လူမှုကူညီရေးအသင်းတို့က သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်ပေါ်တွင် ဘုန်းကြီးတစ်ပါး၊ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်းငါးဦး လိုက်ပါလာကြောင်း၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ သံဃာတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
ဒဏ်ရာရရှိသူများကို နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။















