၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း UEFA အတည်ပြုကြေညာ

၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း UEFA အတည်ပြုကြေညာ
Photo: X
Photo: X
Published 16 March 2026

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ၂၀၂၆ Finalissima ပွဲကို ဖျက်သိမ်းလိုက်ကြောင်း တနင်္ဂနွေနေ့က အတည်ပြုကြေညာခဲ့ပါတယ်။

၂၀၂၆ Finalissima ပွဲက ယူရို-၂၀၂၄ ချန်ပီယံ စပိန်အသင်းနဲ့ ၂၀၂၄ ကိုပါအမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မတ်လ(၂၇)ရက်နေ့မှာ ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။

ဒါပေမဲ့ လက်ရှိအချိန်မှာ အမေရိကန် - အီရန် ပဋိပက္ခကြောင့် ကာတာနိုင်ငံမှာ ကျင်းပဖို့ မဖြစ်နိုင်တော့တဲ့အတွက် တခြားကွင်းမှာ ပြောင်းလဲကျင်းပဖို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။

UEFA က စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဘာနေဗျူးကွင်းမှာ ကျင်းပဖို့၊ ဒါမှမဟုတ် မက်ဒရစ်နဲ့ ဗျူနိုအေရိစ်မှာ နှစ်ကျော့ကျင်းပဖို့ အဆိုပြုခဲ့ပေမဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်း သိရပါတယ်။

အီတလီမှာ ကျင်းပဖို့ အဆိုပြုမှုကို လက်ခံခဲ့ပေမဲ့လည်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က မတ်(၂၇)အစား မတ်(၃၁)ကို ပြောင်းရွှေ့ကျင်းပဖို့ တောင်းဆိုခဲ့ပြီး UEFA အနေနဲ့ လက်ခံနိုင်ခြင်းမရှိတာကြောင့် ပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှ ယှဉ်ပြိုင်ကစားဖို့ အကြံပြုခဲ့တာကိုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က လက်မခံခဲ့ကြောင်းလည်း UEFA ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

Most Read

Most Recent