ခါမေနီကို နိုင်ငံတကာ စစ်ပွဲဥပဒေနှင့်အညီ ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး ပြောကြား

ခါမေနီကို နိုင်ငံတကာ စစ်ပွဲဥပဒေနှင့်အညီ ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း အစ္စရေး ပြောကြား
Published 6 March 2026

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီကို နိုင်ငံတကာစစ်ပွဲ ဥပဒေနှင့်အညီ ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးက မတ် ၅ ရက်တွင် ကြေညာခဲ့သည်။

ခါမေနီသည် အီရန်စစ်တပ်၏ စစ်ဦးစီးချုပ်ဖြစ်ပြီး တရားဝင်မှုရှိသည့် ပစ်မှတ်ဖြစ်သည်ဟု အစ္စရေးက သုံးနှုန်းဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့သဖြင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် ခါမေနီနှင့် ထပ်သီးခေါင်းဆောင်များ သေဆုံးခဲ့သည်။ အစ္စရေးကမူ အဆိုပါ တိုက်ခိုက်မှုများသည် ၎င်း၏ အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် မဖြစ်မနေ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အီရန်သည် မြေအောက်စက်ရုံသစ်တစ်ခုတွင် နျူကလီးယားလက်နက်စီမံကိန်းကို ပြန်လည်စတင်နေခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခဥပဒေအရ စစ်ပွဲကာလအတွင်း စစ်တပ်ကို ညွှန်ကြားနေတဲ့ တပ်မှူး တွေဟာ တရားဝင် စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်နိုင်ပါတယ်”ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ နာဒက်ဗ်ရှိရှာနီက မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။

ခါမေနီသည် အီရန်စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး အီရန်၏ စစ်ဆင်ရေးများကို နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့သူဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။          

Ref:AFP

Most Read

Most Recent