■ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန် လက်ရွေးစင် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်မှူးသေဆုံးကြောင်း အစ္စရေးရုပ်သံက ဖော်ပြ

■ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန် လက်ရွေးစင် တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ တပ်မှူးသေဆုံးကြောင်း အစ္စရေးရုပ်သံက ဖော်ပြ
Published 28 February 2026

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများအတွင်း အီရန်လက်ရွေးစင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ တပ်မှူး မိုဟာမက် ပတ်ခ်ပူရ် သေဆုံးသွားခဲ့ကြောင်း အစ္စရေး၏ N12 ရုပ်သံက ဖော်ပြခဲ့သည်။

အီရန်တွင် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ပတ်ခ်ပူရ်သည် IRGC တပ်မှူးအဖြစ် တာဝန်ယူခဲ့သည်မှာ ရက်ပေါင်း ၂၆၀ ရှိပြီဖြစ်သည်။

ယခုအချိန်အထိ ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ အီရန်အစိုးရဘက်မှ တရားဝင် အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

ယခင် IRGC တပ်မှူး ဟူစိန် ဆာလာမီ (Hussein Salami) လုပ်ကြံခံရပြီးနောက် ၂၀၂၅ ခုနှစ်တွင် အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ပတ်ခ်ပူရ်ကို ဗိုလ်ချုပ်အဆင့်သို့ ရာထူးတိုးမြှင့်ပေးခဲ့သည်။

■ Ref: NDTV

■ Photo: AFP

Most Read

Most Recent