ဘဏ်များကိုအမြဲတမ်း စောင့်ကြည့်နေသဖြင့် ပြည်သူလူထု ပိုက်ဆံများ မဆုံးရှုံးစေရဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက အာမခံပြောကြားသည်။
ဖေဖော်ဝါရီ ၅ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် အသိပညာမြှင့်တင်ရေးရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘဏ်တွေကနေပြီးတော့မှ Depositor ရဲ့ Money Liquidity ဖြစ်လား။ ဗဟိုဘဏ်မှာ သီးသန့်ငွေရှိတယ်။ Depositor Money အချိန်မရွေးထုတ်ပေးနိုင်တယ်။ ဒီနေရာမှာ တခါတည်းသီးသန့်ပြောချင်တာက ကျွန်မတို့ရဲ့ ပေါ်လစီ Direction ကို အမြဲတမ်းစောင့်ကြည့်နေတယ်။ ပြည်သူလူထု ပိုက်ဆံတွေ မဆုံးပါဘူး။ ဘဏ်တွေကိုရော ဗဟိုဘဏ်က အမြဲတမ်း ပြည်သူလူထုအကျိုးအတွက် စောင့်ကြည့်နေတာဖြစ်တဲ့အတွက် စိုးရိမ်ပြီးတော့မှ ငွေထုတ်တာတွေ လုံးဝမရှိပါနဲ့။ စိုးရိမ်ပြီးတော့ ငွေထုတ်ဖို့ မလိုဘူး” ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
ပြည်သူများအနေဖြင့်လည်း အခြားတစ်ဖက်တွင် တတ်နိုင်သမျှ ဒစ်ဂျစ်တယ် Money များကိုလည်း သုံးစေချင်သည်ဟု ဗဟိုဘဏ်ဥက္ကဌက ပြောကြားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌက " Cash ကို အကန့်အသတ်မရှိ ထုတ်ပေးပါတယ်။ ဒါပေမဲ့ ထုတ်ပေးချင်သော်ငြားလည်း တဖက်မှာလည်း Account Transfer တို့ ဒစ်ဂျစ်တယ်တို့ကိုလည်း သုံးစေချင်တယ်” ဟု ပြောကြားသည်။
ထို့ပြင် monetary Policy အရ အမြဲတမ်းစောင့်ကြည့်နေကြောင်း၊ ငွေလဲနှုန်းကိုလည်း ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းသို့ ရောက်ရှိအောင် ထိန်းကျောင်းနေသည်ဟု ဗဟိုဘဏ်ဥက္ကဌက ပြောကြားသည်။
“ငွေကြေးတွေကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ Exchange Rate ကိုလည်း စောင့်ကြည့်နေတယ်။ Exchange Rate ကိုလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ Rate တစ်ခုရောက်လာဖို့အတွက် mechanism နဲ့ထိန်းကျောင်းနေပါတယ်။ တဖက်မှာလည်း Cash House ကိုလည်း စောင့်ကြည့်နေတယ်” ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။















