■ ယူကရိန်းရှိ ပြည်ပတပ်ဖွဲ့များကို ရုရှားက တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်မည် 

■ ယူကရိန်းရှိ ပြည်ပတပ်ဖွဲ့များကို ရုရှားက တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်မည် 
Published 3 February 2026

ယူကရိန်းနိုင်ငံအတွင်း ပြည်ပစစ်တပ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြန့်ကြက်ထားရှိခြင်းကို ဝင်ရောက်စွက်ဖက်မှုအဖြစ် ရုရှားက သတ်မှတ်ကာ တရားဝင်ပစ်မှတ်များအဖြစ် မှတ်ယူသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလက်ဗရော့ဗ်က သတိပေးပြောကြားလိုက်သည်။

"ယူကရိန်းမှာ အနောက်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေ၊ အဆောက်အအုံတွေ၊ ဂိုဒေါင်တွေနဲ့ တခြား အခြေခံအဆောက်အအုံတွေ နေရာယူချထားတာဟာ ကျွန်တော်တို့အတွက် လက်ခံနိုင်စရာမရှိပါဘူး။ ဒါမျိုးကို ရုရှားရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ ပြည်ပစွက်ဖက်မှုအဖြစ် သတ်မှတ်ပါမယ်" ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင ဖော်ပြထားသည်။

ငြိမ်းချမ်းရေး သဘောတူညီချက်များ ခိုင်မာစေရန် ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ရန် ဆွေးနွေးနေကြသည့် အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းတွင် အခြေချလာပါက ရုရှား၏ တရားဝင်ပစ်မှတ် ဖြစ်လာလိမ့်မည်ကို နားလည်သဘောပေါက်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးခဲ့သည်။

အမေရိကန်အစိုးရက ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးနေပြီး ရုရှား၊ ယူကရိန်းနှင့် အမေရိကန် ဒုတိယအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စုတွင် ယခုတစ်အပတ်ကျင်းပသွားရန် စီစဉ်ထားသည်။

ယူကရိန်းပိုင်နက်များကို ရုရှားသို့ပေးရမည့်ကိစ္စက အဓိကအဟန့်အတားအဖြစ်ရှိနေပြီး ရုရှားတပ်များ မသိမ်းပိုက်နိုင်သေးသည့် နယ်မြေများ အပါအဝင် ဒွန်းဘတ်စ်ဒေသတစ်ခုလုံးကို စွန့်လွှတ်ရန် ရုရှား၏ တောင်းဆိုချက်ကို ယူကရိန်းက လက်သင့်မခံပေ။ 

ယူကရိန်းစစ်အဆုံးသတ်ရန် ထရန့်အစိုးရ၏ ရည်မှန်းချက်ရှိရှိ ကြိုးပမ်းအားထုတ်မှုများကို တန်ဖိုးထားကြောင်းနှင့် နေတိုးအုပ်စု အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်လာမှုအပေါ် ရုရှား၏ ကာလရှည်စိုးရိမ်နေမှုကို ထရန့်အစိုးရက နားလည်ပေးသည့်အတွက် အသိအမှတ်ပြုကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဆိုထားသည်။

Ref: The Independent

 

Most Read

Most Recent