ကုမ္ပဏီများမှ တင်သွင်းသည့် စားအုန်းဆီ မက်ထရစ်တန် ၁၂၀၀၀ ကျော်တင်ဆောင် လာသည့် သင်္ဘော နှစ်စင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းနှစ်ခုသို့ ရောက်ရှိ

ကုမ္ပဏီများမှ တင်သွင်းသည့် စားအုန်းဆီ မက်ထရစ်တန် ၁၂၀၀၀ ကျော်တင်ဆောင် လာသည့် သင်္ဘော နှစ်စင်း ရန်ကုန်မြို့ရှိ ဆိပ်ကမ်းနှစ်ခုသို့ ရောက်ရှိ
Published 23 January 2026

 

          ကုမ္ပဏီများမှ တင်သွင်းလာသည့် စား အုန်းဆီ မက်ထရစ်တန် ၁၂၀၀၀ ကျော်တင် ဆောင်လာသည့် သင်္ဘော နှစ်စင်း ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းနှစ်ခုသို့ ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းထံမှ သိရသည်။

          အဆိုပါ သင်္ဘောနှစ်စင်းမှာ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ ကြည့်မြင် တိုင်မြို့နယ်ရှိ wilmar Myanmar International Port  နှင့် ညပိုင်းတွင် ထီးတန်းဆိပ်ကမ်း များသို့ ရောက်ရှိလာခြင်းဖြစ်သည်။

          wilmar Myanmar International Port သို့ ရောက်ရှိလာသည့် သင်္ဘောမှာ Hong Boss S အမည်ရှိ သင်္ဘောဖြစ်ပြီး ယင်းသင်္ဘော တွင် ကုမ္ပဏီ ၁၂ ခုမှ တင်သွင်းလာသည့် စား အုန်းဆီမက်ထရစ်တန် ၈၈၅၀ ကိုတင်ဆောင် လာခြင်းဖြစ်ကြောင်း သိရသည်။

          ဇန်နဝါရီ ၂၁ ရက် ညပိုင်းတွင် ထီးတန်း ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်သင်္ဘောမှာ TTC  pioner အမည်ရှိ သင်္ဘောဖြစ်ပြီး ယင်း သင်္ဘောပေါ်တွင် ကုမ္ပဏီနှစ်ခုမှ တင်သွင်း သည့် စားအုန်းဆီ မက်ထရစ်တန် ၃၅၇၅ ကို တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

          “ အကုန်လုံးကို ဆီကန်တွေမှာ ဆီချပြီး သွားပြီ”  ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

          ယင်းသင်္ဘောများမှ ဆီချနေမှုများကို စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန် မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီး ဌာနမှ ခရိုင်ဦးစီးမှူးများနှင့် အဖွဲ့ဝင်များ၊ စား သုံးဆီ အရည်အသွေးစစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

          သင်္ဘောပေါ်မှ စားအုန်းဆီများကို ဆီ သိုလှောင်ကန်အတွင်းသို့ ပြောင်းရွှေ့မှုအခြေ အနေများ၊ စားသုံးဆီအရည်အသွေး၊ စားသုံး ဆီ တင်သွင်းတန်ချိန်များ မှန်ကန်မှု ရှိ^မရှိနှင့် ဆီကန်များမှ ဆီများစနစ်တကျ ဖြန့်ဖြူးနေမှု များနှင့် ၀ိတ်ချိန်များလျော့နည်းမှုမရှိစေရေးတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။

          စားသုံးဆီများအား ပြည်သူများ ကျန်းမာ ရေးနှင့်အညီ စားသုံးနိုင်ရန်အတွက်ဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်း ကြီးကြပ်ရေးကော် မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီကန် ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် စား သုံးဆီအရည်အသွေး စိစစ်ကြပ်မတ်ရေးအဖွဲ့ တို့မှ ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးနေမှုလုပ် ငန်းစဉ်များ၊ ဆီကန်များလုံခြုံရေး၊ မီးဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ် ရေးလုပ်ငန်းအစီအမံများထားရှိရေး၊ ဆီအ ရည်အသွေးနှင့် ၀ိတ်ချိန်များလျော့နည်းမှုမရှိ စေရေး၊ ဆီကန်ဝန်ထမ်းများ လုပ်ငန်းခွင်အန္တ ရာယ်ကင်းရှင်းစေရေးအား အချိန်နှင့်တစ်ပြေး ညီ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ဆောင် ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

Most Read

Most Recent