■ ရန်ကုန်မြို့လေထု လေးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက်တွင် လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၁၀ သို့ ရောက်ရှိလာ

■ ရန်ကုန်မြို့လေထု လေးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိနေပြီး ဇန်နဝါရီ ၁၉ ရက်တွင် လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် ၁၀ သို့ ရောက်ရှိလာ
Published 19 January 2026

ရန်ကုန်မြို့လေထု လေးရက်ဆက်တိုက် အနီရောင်အဆင့်တွင်ရှိနေသည်ဟု EHS myanmar က ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) က အနီရောင်အဆင့် (Unhealthy) မှာဆက်လက်ရှိနေသည်ဟု EHS Myanmar က ထုတ်ပြန်သည်။

“ဇန်နဝါရီ ၁၉ ရက် မနက် ၈ နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) က အနီရောင်အဆင့် (Unhealthy) မှာပဲဆက်လက်ရှိပြီး ကမ္ဘာအဆင့် ၁၀ သို့ရောက်လာပါပြီ။ US AQI 172 နှင့် PM2.5 level 85 µg/m³ ဖြစ်သည့်အတွက် မသန့်သောလေရှုရှိုက်မိပါက နှလုံး နှင့် အဆုတ်ကို ထိခိုက်စေနိုင်ပြီးရောဂါအခံရှိသူများ၊ ကလေးသူငယ်များ နှင့် အသက်အရွယ်ကြီးသူများအတွက် အန္တရာယ်ရှိစေနိုင်တဲ့ အနေအထားဖြစ်ပါတယ်” ဟု EHS Myanmar က ထုတ်ပြန်သည်။

ယခုကဲ့သို့ မြင့်တက်လာခြင်းမှာ ရုံးတက်ရက်၊ ကျောင်းတက်ရက်ဖြစ်သဖြင့် မော်တော်ယာဉ်အသုံးပြုမှု များခြင်းနှင့် ရာသီဥတုအပူချိန်ကျဆင်းလာခြင်းတို့ကြောင့် လေထုအရည်အသွေး ပိုမိုဆိုးရွာလာခြင်းဖြစ်နိုင်သည်ဟု EHS Myanmar က သုံးသပ်သည်။

ယင်းကြောင့် အပြင်ထွက်မည့်သူများအနေဖြင့် PM2.5 ကာကွယ်နိုင်မည့် Mask များ မဖြစ်မနေ တပ်ဆင်သွားလာသင့်ပါကြောင်း EHS myanmar က အကြုံပြုထားသည်။

ရန်ကုန်မြို့၏ လေထုအရည်အသွေးမှာ လေးရက် ဆက်တိုက် အနီရောင်အဆင့်တွင် ဆက်လက်တည်ရှိ နေခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက် နံနက် (၈)နာရီခွဲ၏ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) က အနီရောင်အဆင့် (Unhealthy) တွင် တည်ရှိခဲ့ပြီး လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် (၁၄) သို့ရောက်ရှိခဲ့သည်။

အလားတူဇန်နဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲတိုင်းတာချက်အရ ရန်ကုန်မြို့လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index (AQI)) မှာ အနီရောင်အဆင့် (Unhealthy) တွင် တည်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်ကလည်း ရန်ကုန်မြို့၏ လေထုအညွန်းကိန်းမှာ အနီရောင်အဆင့်တွင် ရှိနေခဲ့ပြီး ကမ္ဘာ့အဆင့် ၂၁ တွင် ရှိနေခဲ့ကြောင်း သိရသည်။

Most Read

Most Recent