မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတထံ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်

မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတထံ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်
Published 18 January 2026

မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတထံ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့​ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံ ပေးအပ်ခဲ့ပြီးဖြစ်​ကြောင်း နိုင်ငံခြား​ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သံအမတ်ကြီး ​ဇော်ဝင်းမြင့်သည် တပ်မ​တော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်ဦးစီးအရာရှိချုပ်(လေ) တာဝန်ထမ်း​ဆောင်ခဲ့သူ ဖြစ်သည်။

Most Read

Most Recent