■ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး

■ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး
Published 9 December 2025

ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်  ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ကင်ဘာရာမြို့ရှိ မြန်မာသံရုံး၌ ဒီဇင်ဘာ ၅ ရက် (သောကြာနေ့) နှင့် ၇ ရက် (တနင်္ဂနွေနေ့) တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ မဲရုံဖွင့်လှစ်ခဲ့ရာ ဩစတြေးလျနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးမှ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များက ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ အမေရိကန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ယင်းနိုင်ငံရှိ မြန်မာသံရုံးများ၌ ဖွင့်လှစ်သည့် မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အမေရိကန်ပြည်ထောင်စု အနောက်ဘက်ပိုင်းဒေသတွင် ရောက်ရှိနေထိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံ သားများအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်ဆန္ဒမဲများပေးအပ်နိုင်ရေးအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး၌ ဒီဇင်ဘာ ၆ ရက် (စနေနေ့) နှင့် ၇ (တနင်္ဂနွေနေ့) တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ မဲဆန္ဒရှင်များ လာရောက်၍ ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဝင်းလဲ့ဖြူက မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကောင်စစ်ဝန်ချုပ်ရုံး ဝန်ထမ်းများက မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များကို စိစစ်ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မြန်မာသံရုံး၊ ဝါရှင်တန်မြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းအား ဒီဇင်ဘာ ၆ ရက် (စနေနေ့) မှ ၇ ရက် (တနင်္ဂနွေနေ့)အထိ ဆောင်ရွက်ခဲ့ရာ အမေရိကန်နိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများက ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်ကလည်း မြန်မာသံရုံး၊ ရီရတ်ဒ်မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများက ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွ ေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent