■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၄ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်-၁၄ ပွဲကြိုသုံးသပ်ချက်
Photo: Man City
Photo: Man City
Published 2 December 2025

♦ ဖူလ်ဟမ် - မန်စီးတီး (ဒီဇင်ဘာ ၃ ရက် နံနက် ၂ နာရီ)

နှစ်ပွဲဆက် ရှုံးနိမ့်မှုကို လိဒ်စ်နဲ့ပွဲမှာ ရပ်တန့်နိုင်ခဲ့ပေမဲ့ မန်စီးတီးအတွက် လွယ်ကူတဲ့နိုင်ပွဲတော့ မဟုတ်ခဲ့ဘူး။ ပထမပိုင်းမှာ နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်ပေမဲ့ ချေပဂိုးတွေပြန်ပေးခဲ့ရပြီး ဖိုဒန်ရဲ့ နာကျင်အချိန်ပိုအနိုင်ဂိုးကြောင့် အသက်ရှူချောင်ခဲ့ရတာပါ။ ဖူလ်ဟမ်ကလည်း နှစ်ပွဲဆက် ပွဲကျပ်ကစားရတာဖြစ်ပြီး စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ကစားထားတယ်။ စပါးနဲ့ပွဲလိုမျိုး ပွဲအစမှာ ဂိုးတွေရအောင်သွင်းနိုင်ရင် မန်စီးတီး အခက်တွေ့သွားနိုင်တယ်။ မန်စီးတီးအသင်းပဲ ပိုသာပေမဲ့ ဂိုးတော့

မပြတ်လောက်ဘူး။

♦ နယူးကာဆယ် - စပါး (ဒီဇင်ဘာ ၃ ရက် နံနက် ၂း၄၅ နာရီ)

ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်အတွက် ဖိအားတိုးဦးမယ့်ပွဲပါ။ စပါးအသင်းက ပြိုင်ပွဲစုံသုံးပွဲဆက် ရှုံးနိမ့်ထားသလို၊ နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲပဲအနိုင်ရပြီး ငါးပွဲအထိ ရှုံးနိမ့်ခဲ့တယ်။ နယူးကာဆယ်က အဝေးကွင်းဆိုရင် အားပျော့သွားတတ်ပေမဲ့ အိမ်ကွင်းမှာတော့ ခြောက်ပွဲဆက် အနိုင်ရထားတယ်။ ဒီရာသီ လိဂ်ဖလားတွေ့ဆုံမှုမှာ နယူးကာဆယ်အသင်း အနိုင်ရထားသလို၊ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ဂိုးပြတ်ရလဒ်တွေ ရယူထားနိုင်တယ်။ နယူးကာဆယ်ကို ပိုကြိုက်တယ်။ 

(၂-၁)လောက် ဖြစ်နိုင်တယ်။

♦ အခြားပွဲစဉ်

ဘုန်းမောက် - အဲဗာတန်*

Most Read

Most Recent