၀ါရှင်တန်၌ အမျိုးသားအစောင့်တပ် သားများ တိုက်ခိုက်ခံခဲ့ရပြီးနောက် ထရန့် အစိုးရက အာဖဂန်နစ္စတန် နိုင်ငံအပါအဝင် အခြား ၁၉ နိုင်ငံမှ အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်သူများ သို့မဟုတ် Green Card အ စိမ်းကတ်)ကိုင်ထားသူများ၏ လူဝင်မှုကြီး ကြပ်ရေးအခြေအနေကို စိစစ်မည်ဟု နိုဝင် ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။
နိုဝင်ဘာ ၂၆ ရက် ပစ်ခတ်မှုတွင် ထိန်းသိမ်းခံလိုက်ရ သည့် သံသယရှိသူသည် အာဖဂန်နစ္စတန်နိုင် ငံသားဖြစ်ပြီး ယခင်တုန်းက အာဖဂန်နစ္စတန် နိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များနင့်အတူ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်ဟု အမေရိကန်တာ ဝန်ရှိသူများက ဖော်ထုတ်ခဲ့သည်။
အသက် ၂၉ နှစ်အရွယ် အာဖဂန်နစ္စတန်နိုင်ငံသား သည် ယခုနှစ် ဧပြီလတွင် မမြဲတမ်းနေထိုင် ခွင့်မဟုတ်ဘဲ ခိုလှုံခွင့်ဖြင့် နေထိုင်ခွင့်ရသူဖြစ်ကြောင်း AfghanEvac အုပ်စု၏ထုတ်ပြန် ချက်အရသိရသည်။
၂၀၂၁ ခုနှစ်တွင် တာ လီဘန်က အာဖဂန်နစ္စတန်နိုင်ငံကို ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ သားများကို အမေရိကန်ပြည်ထောင်စု၌ ပြန်လည်နေရာချထားရာတွင် AfghanEvac ကအကူအညီ ပေးနေသည်။
အမေရိကန် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဌာန (USCIS)၏ညွှန်ကြားရေးမှူး ဂျိုးဆက်အဒ် လိုးက “သက်ဆိုင်ရာနိုင်ငံတွေကနေလာတဲ့ အစိမ်းကတ်ကိုင်ထားသူတိုင်းကို ပြန်လည် စိစစ်ဖို့ ကျွန်တော်ညွှန်ကြားပါတယ်”ဟု ပြော ကြားခဲ့သည်။
Ref;AFP









