လာမယ့်ပွဲတွေမှာ ခြားနားတဲ့ပုံစံနဲ့ မြင်တွေ့ရမယ်လို့ ဟန်ဆီဖလစ်ခ် ကတိပေး

လာမယ့်ပွဲတွေမှာ ခြားနားတဲ့ပုံစံနဲ့ မြင်တွေ့ရမယ်လို့ ဟန်ဆီဖလစ်ခ် ကတိပေး
Photo: X
Photo: X
Published 26 November 2025

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က လာမယ့်ပွဲတွေမှာ ခြားနားတဲ့ပုံစံနဲ့ မြင်တွေ့ရမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆင့်(၁၅)နေရာ ရောက်ရှိခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်က အခုလိုပြောကြားခဲ့တာပါ။

''လာမယ့်ပွဲတွေမှာ ခြားနားတဲ့ ဘာစီလိုနာအသင်းကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ဒါဟာ ကျွန်တော် ပေးနိုင်တဲ့ ကတိပါပဲ။ ရှုံးနိမ့်ခဲ့ပေမဲ့ အကောင်းမြင်စရာတွေ အများကြီးရှိပါတယ်။ ဒုတိယပိုင်းမှာ ရာဖင်ညာ ပြန်ကစားနိုင်တာ၊ နေမကောင်းဖြစ်ပြီးတဲ့နောက် ရပ်ရှ်ဖို့ဒ် ခြေစွမ်းကောင်းပြန်ရလာတာ၊ ပတ်ဒရီ မကြာခင် ပြန်ကစားနိုင်မှာတွေပါ။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားဖို့တော့ လိုပါတယ်'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဒုတိယမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး (၅)ပွဲမှာ (၇)မှတ်သာရရှိထားတာကြောင့် ထိပ်ဆုံး(၈)သင်းစာရင်းဝင်ဖို့တော့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးကို ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်အနေနဲ့ နည်းပြဘဝမှာ ပြိုင်ဘက်ကို ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးချန်ပီယံလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ရှေ့လာမယ့်လာလီဂါ(၃)ပွဲမှာ အလာဗတ်စ်၊ အက်သလက်တီကို၊ ဘက်တစ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent