ဘွန်ဒစ်လီဂါ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: Dortmund
Photo: Dortmund
Published 31 October 2025

အော့စ်ဘတ် နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် စနေနံနက် ၂းဝ၀ နာရီ)

အော့စ်ဘတ်က နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး ဒေါ့မွန်ကတော့ နောက်ဆုံး(၃)ပွဲဆက် ရလဒ်ကောင်းခဲ့ပါတယ်။ ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရချိန်မှာ ဒီလိုစွမ်းဆောင်နိုင်တာ ချီးကျူးရမှာပါ။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီတုန်းက နှစ်ကေျာ့စလုံးအရှုံးပေးခဲ့ရတဲ့ အော့စ်ဘတ်ကို ဒီပွဲမှာတော့ ဒေါ့မွန်အသင်း ရှုံးကြွေးပြန်ဆပ်နိုင်မှာပါ။

ဂီတာဖေး နှင့် ဂျီရိုနာ (မြန်မာစံတော်ချိန် စနေနံနက် ၂း၃၀ နာရီ)

ဂျီရိုနာက လာလီဂါမှာ အမှတ်ပေးဇယားအောက်ဆုံးရောက်နေသလို၊ ပြီးခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာလည်း စပိန်ပဥ္စမတန်းကအသင်းကို အချိန်ပိုရောက်မှ အနိုုင်ရခဲ့ပါတယ်။ ဂီတာဖေးက ဒီရာသီအိမ်ကွင်းမှာ ရီးယဲလ်တစ်သင်းကိုသာ ရှုံးထားပါသေးတယ်။ ဂီတာဖေး အနိုင်သေချာပါတယ်။

 

Most Read

Most Recent