၂၀၂၅ အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန်

၂၀၂၅ အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၁၀)ဦးစာရင်း ထုတ်ပြန်
Photo: X
Photo: X
Published 22 October 2025

၂၀၂၅ ခုနှစ်  အာဖရိကအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား(၁၀)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်က ဆာလာ၊ ပါပေဆားနဲ့ အန်ဒီယေးတို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

ဆန်ခါတင်(၁၀)ဦးစာရင်းမှာ ပါဝင်သူတွေကတော့ အန်ဂွီဆာ(နာပိုလီ၊ ကင်မရွန်း)၊ ဘူအန်ဂါ(LA FC၊ ဂါဘွန်)၊ ဂွီရာဆေး(ဒေါ့မွန်၊ ဂီနီ)၊ ဟာကီမီ(PSG၊ မော်ရိုကို)၊ လမ်လီအူ(ဘာကာနီ၊ မော်ရိုကို)၊ မာယီလီ(ပိရမစ်၊ DR ကွန်ဂို) အန်ဒီယေး(အဲဗာတန်၊ ဆီနီဂေါ)၊ အိုဆင်မန်(ဂါလာတာစာရေး၊ နိုင်ဂျီးရီးယား)၊ ဆာလာ(လီဗာပူးလ်၊ အီဂျစ်)၊ ပါပေဆား(စပါး၊ ဆီနီဂေါ)တို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ အတ္တလန်တာအသင်းက နိုင်ဂျီးရီးယားတိုုက်စစ်မှူး လွတ်ခ်မန်းကတော့ ဒီနှစ်အတွက် ဆန်ခါတင်စာရင်းထဲ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။

အခု ဆန်ခါတင်စာရင်းထဲ ပါဝင်နေတဲ့ ကစားသမားတွေအနက် ဆာလာက အာဖရိကအကောင်းဆုံးကစားသမားဆု (၂)ကြိမ်၊ အိုဆင်မန်က (၁)ကြိမ်ရရှိဖူးပြီး ကျန်ကစားသမားတွေက ဆုရရှိဖူးခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒီနှစ်အတွက် အာဖရိကအကောင်းဆုံးကစားသမားဆုကို PSG အသင်းနဲ့ ဖလားသုံးလုံးအောင်ပွဲ ရရှိခဲ့တဲ့ ဟာကီမီနဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ဖလားရခဲ့တဲ့ ဆာလာတို့ထဲက တစ်ဦးဦး ရရှိနိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Most Read

Most Recent