ဂန္ထဝင်ဂိုးသမား မန်ဒန်ဒါ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၃၀)ကို မာဆေးလ်အသင်း အနားပေး

ဂန္ထဝင်ဂိုးသမား မန်ဒန်ဒါ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၃၀)ကို မာဆေးလ်အသင်း အနားပေး
Photo: X
Photo: X
Published 22 October 2025

ပြင်သစ်ကလပ် မာဆေးလ်အသင်းဟာ ဂန္ထဝင်ကစားသမား စတိဗ်မန်ဒန်ဒါ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်(၃၀)ကို အနားပေးလိုက်ကြောင်း သိရပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်း မန်ဒန်ဒါဟာ မာဆေးလ်အသင်းမှာ နှစ်ကြိမ်ကစားခဲ့သူဖြစ်ပြီး ကျောနံပါတ်(၃၀)ကိုသာမက ကျောနံပါတ်(၁)၊ (၁၆)နဲ့ (၁၈)တွေကိုလည်း ဝတ်ဆင်ခဲ့ပေမဲ့ ကျောနံပါတ်(၃၀)ကိုတော့ အများဆုံးဝတ်ဆင်ခဲ့တာပါ။

မာဆေးလ်အသင်း ပြင်သစ်လိဂ်ချန်ပီယံဆု ရရှိခဲ့တဲ့ ၂၀၀၉-၁၀ ရာသီနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲရောက်ခဲ့တဲ့ ၂၀၁၇-၁၈ ရာသီတွေမှာလည်း ကျောနံပါတ်(၃၀)ဝတ်ဆင်ပြီး လက်စွမ်းပြခဲ့ပါတယ်။

ဒါကြောင့် အသင်းအတွက် ပွဲပေါင်း(၆၀၀)ကျော် ကစားခဲ့တဲ့ မန်ဒန်ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ မာဆေးလ်အသင်းက ကျောနံပါတ်(၃၀)ကို အနားပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ အသက်(၄၀)ရှိပြီဖြစ်တဲ့ မန်ဒန်ဒါဟာ ရန်းစ်အသင်းမှာ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ကစားသမားဘဝက အနားယူခဲ့ပါတယ်။

Most Read

Most Recent