စီရော်နယ်လ်ဒိုဂျူနီယာ ပေါ်တူဂီယူ-၁၆ အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရ

စီရော်နယ်လ်ဒိုဂျူနီယာ ပေါ်တူဂီယူ-၁၆ အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံရ
Photo: X
Photo: X
Published 22 October 2025

ပေါ်တူဂီဂန္ထဝင် စီရော်နယ်လ်ဒိုရဲ့သားဖြစ်သူ စီရော်နယ်လ်ဒိုဂျူနီယာဟာ ပေါ်တူဂီယူ-၁၆ အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

အသက်(၁၅)နှစ်သာရှိသေးတဲ့ စီရော်နယ်လ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူရှိနေတဲ့ အယ်လ်နာဆာအသင်းရဲ့ လူငယ်အသင်းမှာပဲ ကစားနေသူဖြစ်ပြီး ပြီးခဲ့တဲ့မေလတုန်းက ပေါ်တူဂီယူ-၁၅ အသင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

အခု တူရကီနိုင်ငံမှာ ကျင်းပမယ့် (၁၆)နှစ်အောက် လူငယ်ပြိုင်ပွဲ ယှဉ်ပြိုင်မယ့် ပေါ်တူဂီယူ-၁၆ အသင်းအတွက် ကစားသမား(၂၂)ဦးရွေးချယ်ရာမှာ စီရော်နယ်လ်ဒိုဂျူနီယာ ပါဝင်ခဲ့တာပါ။

အဲဒီပြိုင်ပွဲမှာ အိမ်ရှင် တူရကီအသင်းနဲ့အတူ ဝေးလ်စ်၊ အင်္ဂလန်နဲ့ ပေါ်တူဂီတို့ ပါဝင်မှာဖြစ်ပြီး အောက်တိုဘာ(၃၀)ကနေ နိုဝင်ဘာ(၄)ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုကလည်း ပေါ်တူဂီယူ-၁၅ အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်လာခဲ့သူဖြစ်တာကြောင့် စီရော်နယ်လ်ဒိုဂျူနီယာကိုလည်း ဖခင်ခြေရာနင်းနိုင်မယ့်သူအဖြစ် ပရိသတ်တချို့ကတော့ ထင်ကြေးပေးနေကြပါတယ်။

Most Read

Most Recent