အာဆင်နယ်အသင်းဟာ စပိန်ဂိုးသမား ဒေးဗစ်ရာယာကို လစာတိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ဒေးဗစ်ရာယာဟာ နှစ်ရာသီဆက်တိုက် ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆု(အကောင်းဆုံးဂိုးသမားဆု)ရရှိတဲ့အထိ လက်စွမ်းပြနိုင်ခဲ့တာကြောင့် စာချုပ်ပါသဘောတူညီချက်အရ အခုလို လစာတိုးမြင့်ရရှိခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒေးဗစ်ရာယာကို လစာနှုန်းထားအသစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ နွေရာသီမှာကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း BBC က ဖော်ပြခဲ့ပါတယ်။
ဒေးဗစ်ရာယာဟာ အရင်က အာဆင်နယ်အသင်းမှာ တစ်ပတ်ပေါင်(၁၀၀၀၀၀)ရရှိနေသူဖြစ်ပြီး စာချုပ်သစ်အရ တိုးမြင့်ရရှိမယ့် လစာနှုန်းထားကိုတော့ BBC က ဖော်ပြခဲ့ခြင်းမရှိပါဘူး။
ဒေးဗစ်ရာယာဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ်ကနေ အာဆင်နယ်ကို အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်သစ်မှာ သက်တမ်းတိုးမှုမပါဝင်တာကြောင့် ၂၀၂၈ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း သိရပါတယ်။















