ဆွီဒင်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်သစ်အဖြစ် မြန်မာနိုင်ငံကို အက်စ်အီးကေ ၂၃ သန်း ထောက်ပံ့မည်

ဆွီဒင်နိုင်ငံက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်သစ်အဖြစ် မြန်မာနိုင်ငံကို အက်စ်အီးကေ ၂၃ သန်း ထောက်ပံ့မည်
Published 7 October 2025

၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် ဆွီဒင်အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကို ဖြေရှင်းရန်အတွက် အက်စ်အီးကေ ၇၇၅ သန်းတန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်သစ်ကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုအစီအစဉ်သစ်တွင် မြန်မာနိုင်ငံအပါအဝင် ၁၀ နိုင်ငံအတွက် အကူအညီများကို ဦးစားပေး၍ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဆီဒါ) ၏ အဆိုအရ အက်စ်အီးကေ ၂၃ သန်းကို မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ရန်အတွက် ၂၀၂၅  ခုနှစ်မကုန်မီ ကူညီပေးမည်ဖြစ်သည်။

အဆိုပါရန်ပုံငွေသည် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ခိုင်မာအားကောင်းစေရန် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆီဒါတို့ ပူးပေါင်းတင်ပြသည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဆွီဒင်လူသားချင်းစာနာထောက်ထားမှုအကူအညီ အက်စ်အီးကေ ၂၂၈ သန်းကို ၂၀၂၅ ခုနှစ်တစ်လျှောက်လုံး လက်ခံရရှိရန် ရည်မှန်းထားသည်။

အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံခြားကုန်သွယ်မှုဝန်ကြီး ဘန်ဂျမင် ဒိုဆာက အဆိုပါအစီအစဉ်သည် ပဋိပက္ခဒဏ်ခံရသောဒေသများရှိ ပြည်သူများအား လိုအပ်ချက်များ အများဆုံးရှိသည့် ပဋိပက္ခဒဏ်ခံရသော ဒေသများရှိ ပြည်သူများအား ကူညီပံ့ပိုးပေးရန် ဆွီဒင်၏ ကတိကဝတ်ကို အလေးပေးထားကြောင်း ပြောကြားခဲ့သည်။

ဆီဒါ ညွှန်ကြားရေးမှူးချုပ် ဂျေကော့်ဖ်ဂရမ်နိုက်က အထောက်အပံ့ပေးမှုသည် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်များအပေါ် အခြေခံထားကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပြင် ဆူဒန်၊ ပါလက်စတိုင်း၊ ဆီးရီးယား၊ ယီမင်နှင့် ကွန်ဂိုဒီမိုကရက် တစ်သမ္မတနိုင်ငံတို့ အပါအဝင် နိုင်ငံ ၁၀ နိုင်ငံကို အဓိကထား၍ ကူညီခြင်းဖြစ်သည်။

 

Most Read

Most Recent