■ မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ

■ မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ
Published 23 September 2025

မင်္ဂလာတောင်ညွန့်မြို့နယ် ကြက်ဘဲစျေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၃ ရက် နံနက် ၄ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ ကြက်ဘဲဈေးအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ 191 ယာဉ် တစ်စီး ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တာမွေကွန်ယက်ပရဟိတအသင်းမှ သူနာတင်ယာဉ်၊ ရှင်သန်ရေးပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

အလားတူ စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ဗားကရာချောက်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူတစ်ဦး ညှပ်နေကြောင်း သတင်းရရှိသဖြင့်  ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent