ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ကို မန်စီးတီးအသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို

ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ကို မန်စီးတီးအသင်း ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆို
Photo: X
Photo: X
Published 22 August 2025

မန်စီးတီးအသင်းဟာ ပေါ်တူဂီနောက်ခံလူ ရူဘင်ဒီယက်စ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ရူဘင်ဒီယက်စ်ဟာ ၂၀၂၀ ခုနှစ်မှာ ဘင်ဖီကာကနေ မန်စီးတီးကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၆၁ ဒသမ ၆ သန်းနဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ခြောက်နှစ်စာချုပ် ချုပ်ဆိုခဲ့တာပါ။

ရူဘင်ဒီယက်စ်ဟာ မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု လေးရာသီဆက် ရရှိရာမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြပါဝင်ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်ပေမဲ့ မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုလိုက်တာပါ။ 

ဒါကြောင့် ရူဘင်ဒီယက်စ်အနေနဲ့ မန်စီးတီးအသင်းမှာ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိသွားမယ့်အပြင် တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်တဲ့  သဘောတူညီမှုလည်း ပါဝင်ကြောင်း သိရပါတယ်။ 

Most Read

Most Recent