ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် အားဖြည့်မှုအများအပြား ပြုလုပ်နေတဲ့ ဆန်းဒါးလန်းအသင်းဟာ နယ်သာလန်ကလပ် NEC အသင်းက နယ်သာလန်ယူ-၂၁ ဂိုးသမား ရော်ဘင်ရိုအက်ဖ်ကို ထပ်မံခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ရော်ဘင်ရိုအက်ဖ်(၂၂ နှစ်)ဟာ ဒီနွေမှာ ဆန်းဒါးလန်းအသင်း ခေါ်ယူခဲ့တဲ့ (၈)ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဆန်းဒါးလန်းအသင်းရဲ့ အပြောင်းအရွှေ့အသုံးစရိတ်က ပေါင်သန်း(၁၅၀)ဝန်းကျင် ရှိသွားပြီလို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ရော်ဘင်ရိုအက်ဖ်အတွက်တော့ ပေါင်(၁၀)သန်းဝန်းကျင်သာ ပေးချေခဲ့ရပြီး (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ရော်ဘင်ရိုအက်ဖ်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ (၁၆)ဦးမြောက် နယ်သာလန်ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ရော်ဘင်ရိုအက်ဖ်က ပရီးမီးယားလိဂ်မှာ ကစားခွင့်ရလာတာဟာ သူ့ရဲ့ ငယ်ဘဝအိပ်မက် အမှန်တကယ်ဖြစ်လာတာပါလို့ ပထမဆုံးအင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။















