ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် DPLA အဖွဲ့နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦးအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ

ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် DPLA အဖွဲ့နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦးအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံ
Published 18 July 2025

ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာသည့် DPLA အဖွဲ့နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦးအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့(ဇူလိုင် ၁၈ ရက်)တွင် DPLA အဖွဲ့မှ အမျိုးသား ငါးဦးနှင့် MDY-PDF အဖွဲ့မှ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၅ ဦးတို့သည် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး နီးစပ်ရာ တပ်မတော်စခန်းများမှတစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ရာ ၎င်းတို့အား တာဝန်ရှိသူများက ပြန်လည်လက်ခံ၍ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၁၇ ရက်ကလည်း တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား လေးဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ငါးဦးနှင့် MDY-PDF အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ၁၄ ဦးတို့သည် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရသည့်အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Most Read

Most Recent