■ မန်ယူနိုက်တက်ဂိုးသမား အိုနာနာ တံကောက်ကြောဒဏ်ရာ ရခဲ့ပြီး အမေရိကန်ခရီးစဉ်ကို လွဲချော်မယ်

■ မန်ယူနိုက်တက်ဂိုးသမား အိုနာနာ တံကောက်ကြောဒဏ်ရာ ရခဲ့ပြီး အမေရိကန်ခရီးစဉ်ကို လွဲချော်မယ်
Photo: Gettyimages
Photo: Gettyimages
Published 12 July 2025

မန်ယူနိုက်တက်ဂိုးသမား အိုနာနာဟာ လေ့ကျင့်ရေးမှာ တံကောက်ကြောဒဏ်ရာရခဲ့လို့ ရာသီကြို အမေရိကန်ခရီးစဉ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။

အိုနာနာအနေနဲ့ ရက်သတ္တပတ် ခြောက်ပတ်ကနေ ရှစ်ပတ်အထိ အနားယူရဖို့ရှိပါတယ်။

မန်ယူနိုက်တက်အသင်းက ဇူလိုင်လနှောင်းပိုင်းမှာ Premier League Summer Series အောက်က ရာသီကြိုခြေစမ်းပွဲ သုံးပွဲ ကစားရမှာပါ။

အိုနာနာကတော့ အဲဒီကာလမှာ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ရင်း အချိန်ကုန်ဆုံးရပါလိမ့်မယ်။

အိုနာနာမပါဝင်နိုင်လို့ တူရကီဂိုးသမား ဘာယင်ဒယ်လ်က နည်းပြ အာမိုရင်မ်ရဲ့နံပါတ်တစ်ဂိုးသမား ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အိုနာနာရော ဘာယင်ဒယ်လ်ပါ မန်ယူအသင်းမှာ အနာဂတ် မသေမချာဖြစ်နေတာပါ။

မန်ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲ အဖွင့်ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ဇူလိုင် ၁၉ ရက်မှာ ကစားမှာဖြစ်ပါတယ်။

ဇူလိုင်လ ၂၇ ရက်ကနေ သြဂုတ်လ ၃ ရက်အထိ အမေရိကခြေစမ်းခရီးစဉ်အဖြစ် ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတွေနဲ့ ကစားမှာဖြစ်ပြီး သြဂုတ်လ ၉ ရက်မှာ ဖီအိုရင်တီးနားအသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲ ကစားမှာဖြစ်ပါတယ်။

ပရီးမီယားလိဂ် ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၁၇ ရက်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

Most Read

Most Recent