အာဆင်နယ်နောက်ခံကစားသမား ဆာလီဘာဟာ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိကနောက်ခံကစားသမား ဆာလီဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပေမဲ့ ကစားသမားကတော့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားဖို့ အိပ်မက်မက်နေတယ်လို့ Le 10 Sport က ဖော်ပြခဲ့တာပါ။
အသက် (၂၄) နှစ်အရွယ် ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမား ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း (၂) နှစ်သာ ကျန်ရှိတော့တာပါ။
အာဆင်နယ်အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်နေပေမဲ့ ဆာလီဘာဟာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အလာဘာ၊ ရူဒီဂါ၊ ဘာပေ၊ အာနိုးလ်တို့ကို သက်ဆိုင်ရာအသင်းတွေနဲ့ စာချုပ်သက်တမ်းကုန်တဲ့အထိ စောင့်ဆိုင်းပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူခဲ့တာပါ။
အာဆင်နယ်အသင်းအနေနဲ့ ဆာလီဘာကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ဆိုရင် လာမယ့်ရာသီမှာ အဓိကဆုဖလားတစ်ခုခု ရယူနိုင်ဖို့ လိုအပ်နေပြီး အဲဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် ရီးယဲလ်မက်ဒရစ်အသင်းဆီကို လက်လွှတ်ရနိုင်တယ်လို့ Le 10 Sport က ဖော်ပြခဲ့တာပါ။















