ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး မေ ၈ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၄၁၁၉၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၅ ဦးရှိခဲ့သည်။ ထိုင်းကူးစက်ရောဂါထိန်းချုပ်ရေးဌာန (DDC) ၏ ခန့်မှန်းချက်အရ လာမည့်မိုးကာလအတွင်း ၊ ကျောင်းများပြန်ဖွင့်ချိန်အတွင်း ပြည်တွင်းကိုဗစ်ကူးစက်မှု ပိုမြင့်တက်လာဖွယ်ရှိသည်။
မေ ၄ ရက်မှ မေ ၈ ရက်အတွင်း ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်သူပေါင်း ၇၀၁၃ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာပနူးမတ်စ်က မေ ၉ ရက်တွင် ကြေညာထားသည်။
အဆိုပါကူးစက်သူများထဲ အသက်လေးနှစ်အောက် ကလေးများ အများဆုံးပါနေသည်ကို တွေ့ရပြီး သေဆုံးသူတစ်ဦးက အသက် ၆၀ ကျော်သမားဖြစ်သည်။
လူစုဝေးခြင်းနှင့် ရာသီအပြောင်းအလဲများကြောင့် ကိုဗစ်-၁၉ ဆက်လက်ပျံ့နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်နှင့်တုပ်ကွေး ကာကွယ်ရေးအစီအမံများကို လူပြည့်ကျပ်သည့်နေရာများ၊ အလုံပိတ်နေရာများတွင် သေချာလိုက်နာရန် ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာပြသူများနှင့် နီးနီးကပ်ကပ်မနေမိစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုကို ထိန်းသိမ်းရန် ၊ လူများသည့်နေရာများ ဥပမာ အများပြည်သူသယ်ပို့သည့်ယာဉ်များ၊ ဆေးရုံများတွင် နှာခေါင်းစည်းဝတ်ဆင်ရန် ၊ မကြာခဏလက်ဆေးရန် ဒေါက်တာပနူးမတ်စ်က သတိပေးထားသည်။
Ref & Photo ----- The Nation(Thailand)














