အိန္ဒိယက Operation Sindoor နှင့်ပတ်သက်ပြီး အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်

အိန္ဒိယက Operation Sindoor နှင့်ပတ်သက်ပြီး အထူးသတင်းစာရှင်းလင်းပွဲ ပြုလုပ်
Photo-AFP
Photo-AFP
Published 10 May 2025

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် OPERATION SINDOOR စစ်ဆင်ရေး နှင့်ပတ်သက်ပြီး မေ ၉ ရက်က အထူးသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Shri Randhir Jaiswal ၊ နိုင်ငံခြားရေးအတွင်းဝန် Shri Vikram Misri  ၊ ဗိုလ်မှူးကြီး Sofiya Qureshi နှင့် လေတပ်တပ်မှူး Vyomika Singh တို့လည်းတက်ရောက်ခဲ့ပြီး စစ်ဆင်ရေးနှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

မေ ၈ ရက်နှင့် ၉ ရက်ညများတွင် ပါကစ္စတန်စစ်တပ်သည် အနောက်ဘက်နယ်စပ် တလျှောက်ရှိ အိန္ဒိယလေပိုင်နက်ကို ချိုးဖောက်ပြီး စစ်ရေးအခြေခံအဆောက်အအုံများကို ပစ်မှတ်ထားရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း  Vyomika Singh က ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာနယ်စပ်နှင့် ထိန်းချုပ်ရေးမျဉ်းတစ်လျှောက်တွင်လည်း ဒရုန်းအစင်းရေ ၃၀၀ မှ ၄၀၀ ခန့်ဖြင့် နေရာ ၃၆ ခုတွင် Leh မှ Sir Creek သို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲကြောင်း၊ အိန္ဒိယစစ်တပ်က ထိုဒရုန်းများကို Kinetic နှင့် non-kinetic နည်းလမ်းများဖြင့် ဖျက်ချခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုကဲ့သို့ ကြီးမားသော ဝေဟင်ကျူးကျော်ဝင်ရောက်မှု၏ ဖြစ်နိုင်ခြေရှိသည့် ရည်ရွယ်ချက်မှာ အိန္ဒိယ၏ လေကြောင်းကာကွယ်ရေးစနစ်များကို စမ်းသပ်ရန်နှင့် ထောက်လှမ်းရေးသတင်းများကို စုဆောင်းရန်ဖြစ်ကြောင်း Vyomika Singh က ပြောကြားခဲ့သည်။

ဒရုန်းအပျက်အစီးများကို သိပ္ပံနည်းကျ စစ်ဆေးမှုများပြုလုပ်နေပြီး ကနဦးတွေ့ရှိချက်များအရ ထိုဒရုန်းများသည် တူရကီနိုင်ငံ ASISGUARD SONGAR ဒရုန်းမှဖြစ်ကြောင်း သိရသည်ဟု ၎င်းကဆိုသည်။

ပါကစ္စတန်၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်ရှိ လေကြောင်းရန်ကာကွယ်ရေးနေရာ လေးခုတွင် လက်နက်တပ်ဆင်ထားသော ဒရုန်းများကိုစေလွှတ်ခဲ့ပြီး ဒရုန်းတစ်စီးသည် လေကြောင်းကာကွယ်ရေးစနစ်၏ရေဒါကို ဖျက်ဆီးနိုင်ခဲကြောင်း Vyomika Singh က ပြောသည်။

ပါကစ္စတန်သည် ဂျမူးနှင့် ကက်ရှ်မီးယား ဧရိယာရှိ Tangdhar၊ Uri၊ Poonch၊ Mendhar၊ Rajouri၊ Akhnoor နှင့် Udhampur တို့တွင် ပြင်းထန်သော အမြောက်များနှင့် လက်နက်တပ်ဆင်ထားသောမောင်းသူမဲ့လေယာဉ်များကို အသုံးပြု၍ ထိန်းချုပ်ရေးမျဉ်းတစ်လျှောက် အမြောက်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အိန္ဒိယစစ်တပ်မှ တပ်ဖွဲ့ဝင်များ ဆုံးရှုံးမှုနှင့် ဒဏ်ရာအချို့ ရရှိခဲကြောင်း အိန္ဒိယ၏ လက်တုံ့ပြန် ပစ်ခတ်မှုတွင် ပါကစ္စတန်စစ်တပ်သည်လည်း ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Shri Vikram Misri ကလည်း ပါကစ္စတန်စစ်တပ်၏ သူရဲဘောကြောင်သည့် လုပ်ရပ်များအကြောင်းကို ဗိုလ်မှူးကြီး Qureshi နှင့် လေတပ် တပ်မှူး Singh တို့က ၎င်းအား တင်ပြခဲ့သည်ဟု ဆိုသည်။

မေ ၉ ရက်ညအချိန်က ပါကစ္စတန်သည် စစ်ရေးပစ်မှတ်များအပြင် အိန္ဒိယ၏မြို့ကြီများနှင့် အရပ်ဘက် အခြေခံ အဆောက်အအုံများကို ပစ်မှတ်ထားခဲ့ကြောင်း၊ အိန္ဒိယစစ်တပ်ကလည်း အချိုးကျ၊ လုံလောက်စွာ၊ တာဝန်ကျေစွာ တုံ့ပြန်ခဲ့ကြောင်း Shri Vikram Misri က ပြောကြားခဲ့သည်။

အိန္ဒိယ၏ ခိုင်မာသည့်စည်းလုံးညီညွတ်မှုသည် ပါကစ္စတန်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း  Shri Vikram Misri က နိဂုံးချုပ်ပြောကြားခဲ့သည်။

Most Read

Most Recent