အင်အားပြင်းငလျင်ကြောင့် ပြိုကျသည့် Sky Villa ကွန်ဒိုမှ ရုပ်အလောင်းများ ဆက်တိုက်တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
မေ ၃ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် Sky Villa ကွန်ဒို အဆောင် C မှ အမျိုးသားအလောင်းတစ်လောင်းနှင့် ၂ နာရီ ၁၅ မိနစ်တွင် အဆောင် C မှပင်ဖြစ်သည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Sky Villa ကွန်ဒိုတွင် ရုပ်အလောင်းရှာဖွေခြင်းနှင့် ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
အလားတူ မေ ၂ ရက်ညနေပိုင်းတွင် အဆောင် C မှပင် အမျိုးသမီး သုံးဦး၏ ရုပ်အလောင်းများနှင့် မေ ၂ ရက် နံနက်ပိုင်းတွင် C အဆောင် ဓာတ်လှေကားခွင်အတွင်းမှ အမျိုးသ မီးတစ်ဦးနှင့် ကလေးငယ်(အမျိုးသမီး) တစ်ဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မေ ၁ ရက်ကလည်း အဆိုပါကွန်ဒို အဆောင် D မှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်း၊ အဆောင် C မှ အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး အ မျိုးသမီးအလောင်းနှင့်အတူ ရွှေနားကပ်တစ်ရံနှင့် ရွှေလက်ကောက်တစ်ကွင်းတို့ကို သေ ဆုံးသူအမျိုးသမီး၏ ယောကျ်ားဖြစ်သူထံ လွှဲ ပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
ထို့ပြင် အဆိုပါကွန်ဒို အပျက်အစီးများ အောက်တွင် အသုံးအဆောင်ပစ္စည်းများကို လည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ထုတ်ပြန်သည်။
မေ ၁ ရက်တွင် အဆောင် A အခန်းအမှတ် D5 မှ ဘိုးတော်အောင်မင်းခေါင်ရုပ် ထုတစ်ခု၊ အရေးကြီးစာရွက်စာတမ်းများနှင့် မီးခံသေတ္တာ တစ်လုံးအား တွေ့ရှိခဲ့ပြီး ပစ္စည်း လက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ ပိုင်ရှင် ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မီးသတ်တပ် ဖွဲ့က ထုတ်ပြန်ထားသည်။
အလားတူ ဧပြီ ၃၀ ရက်ကလည်း (C)အဆောင်၊ အခန်းနံပါတ်(M7)မှ ရှာဖွေ တွေ့ ရှိသော အရေးကြီးစာရွက်စာတမ်းများ၊ လက် ဝတ်ရတနာများ၊ ငွေသားများ၊ နာရီတစ် လုံးနှင့် အဝတ်အစား ခရီးဆောင်အိတ်သုံး လုံးတို့အား ရှာဖွေတွေ့ရှိခဲ့ပြီးပိုင်ရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုတွင်လည်း ရှင်းလင်းရေးလုပ်ငန်းများနှင့်ရုပ်အလောင်းရှာဖွေရေး လုပ်ငန်းများ ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီ ရေးအသင်းများက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။















