■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၀) ပွဲကြိုသုံးသပ်ချက် 
Published 4 April 2025

လက်စ်ပါမားစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ညနေ ၆:၃၀ နာရီ)

ဆိုစီဒက်ကို လက်စ်ပါမားစ် အနိုင်ရဖို့ ခက်လေ့ရှိတယ်။ လက်ရှိ လက်စ်ပါမားစ်က တန်းမဆင်းရရေး ရုန်းနေရပြီး အိမ်ကွင်းလည်း ဖြစ်နေလို့ အားပိုစိုက်နိုင်ပေမဲ့ ဆိုစီဒက်ကို ကျော်နိုင်ဖို့ ခက်လိမ့်မယ်။ ဂိုးအနည်းသရေလောက်ပဲ မှန်းထားမယ်။



ဆီဗီလာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၈:၄၅ နာရီ)

အက်သလက်တီကိုကတော့ လာလီဂါဘက်မှာ ဖိအားလျော့သွားပြီး လွတ်လွတ်လပ်လပ်ကစားခွင့်ရထားပေမဲ့ အခုပွဲက စပိန်ဘုရင့်ဖလားပွဲရလဒ်ရဲ့ ရိုက်ခတ်မှုတော့ ရှိနိုင်တယ်။ လောလောဆယ် အက်သလက်တီကိုရဲ့ ဂိုးသွင်းအားနဲ့ အဝေးကွင်းကစားပုံလည်း လျော့နေလို့ အိမ်ကွင်းမှာဆိုရင်မာကျောတဲ့ ဆီဗီလာကို အနိုင်ရဖို့ ခက်နေဦးမယ်ထင်တယ်။ ဂိုးအနည်း သရေပွဲပဲလို့ မှန်းထားချင်တယ်။ 



ဗယ်လာဒိုလစ် - ဂီတာဖေး (မြန်မာစံတော်ချိန် ဧပြီလ ၆ ရက် ည ၁၁:၀၀ နာရီ)

ဗယ်လာဒိုလစ်က တန်းဆင်းရဖို့ နီးစပ်နေပမဲ့ အိမ်ကွင်းမှာတော့ အတတ်နိုင်ဆုံးရုန်းနေတုန်းပါပဲ။ ဂီတာဖေးကလည်း ခုတ လော ရလဒ်ပိုင်းမငြိမ်ဘူး။ ဂီတာဖေး အဝေးကွင်းအားကောင်းလာလို့ မရှုံးလောက်ဘူးထင်တယ်။ ဂိုးများသွားနိုင်တယ်။



ဗီလာရီးယဲလ် - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဧပြီလ ၇ ရက် နံနက် ၁:၃၀ နာရီ)

ဒီပွဲကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အကြိတ်အနယ် ရှိမယ့်ပွဲမျိုးပါပဲ။ ဒါပေမဲ့ လတ်တလော ဘီလ်ဘာအိုက ဥရောပပွဲတွေဘက်ကို ပိုအာရုံများနေပုံပေါ်ပြီး ပြည်တွင်းမှာ နည်းနည်း အားပျော့သွားသလို တွေ့နေရတယ်။ ဗီလာရီးယဲလ်ကွင်းလည်း ဖြစ်နေလို့ ဘီလ်ဘာအို အနိုင်ရဖို့ သိပ်တော့ မလွယ်လှဘူး။ အိမ်ကွင်းအားသာချက်ရှိနေတဲ့အပြင် ခြေစွမ်းတက်နေတဲ့ ဗီလာရီးယဲလ်နဲ့ ဂိုးအနည်းကိုပဲ ပိုကြိုက်နေမိတယ်။

Most Read

Most Recent