ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 အား ယနေ့ (မတ် ၂၄ ရက်) နံနက်ပိုင်းမှ စတင်၍နေပြည်တော်ရှိ MICC(2) တွင် ပြုလုပ်လျက်ရှိသည်။
ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 တွင် အလွှာအသီးသီးမှ တာဝန်ရှိသူများပါဝင် ဆွေးနွေးမည်ဖြစ်ပြီး မတ် ၂၄ ရက်မှ မတ် ၂၆ ရက်အထိ သုံးရက်တာ ကျင်းမည်ဖြစ်သည်။
ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 အား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်၌ ကဏ္ဍအသီးသီးမှ ထင်ပေါ် ကျော်ကြားသူများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက ပိုမိုအာရုံစိုက် ပါဝင်လုပ်ဆောင်နိုင်စေရန်၊ နိုင်ငံအတွင်းပဋိပက္ခများ အမြန်ဆုံးလျှော့ချပြီး နိုင်ငံရေး၊ စီးပွားရေး ပိုမိုတိုးတက် ကောင်းမွန် လာစေမည့် ရေတို-ရေရှည် လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့(မတ် ၂၄ ရက်)တွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးစကားဝိုင်း PEACE TALK 2025 ဖွင့်ပွဲအခမ်းအနားတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားပြီး NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တွင် ဆွေးနွေး တက်ရောက်လာတဲ့ သက်ဆိုင်ရာအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ( NSPNC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်၊ NSPNC အဖွဲ့ဝင်များ အပါအဝင် တပ်မတော်အရာရှိများ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။















