မြန်မာ့ကလေးတစ်သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကလေးအများအပြားရှိသည့် နိုင်ငံတစ်ခုဖြစ်လာဟု Unicef Myanmar ထုတ်ပြန်

မြန်မာ့ကလေးတစ်သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေး လုံးဝမထိုးရသေးသော ကလေးအများအပြားရှိသည့် နိုင်ငံတစ်ခုဖြစ်လာဟု Unicef Myanmar ထုတ်ပြန်
Published 19 March 2025

မြန်မာ့ကလေး တစ်သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေးလုံးဝမထိုးရသေးသော ကလေးအများအပြားရှိသည့် နိုင်ငံတစ်ခုဖြစ် လာကြောင်း UNICEF Myanmar က ထုတ် ပြန်သည်။

UNICEF Myanmar က ထုတ်ပြန်သည့် မျိုးဆက်တစ်ခု မပျောက်ဆုံးရေးအတွက် တားဆီး ရှောင်လွှဲခြင်းဆိုသည့် အစီရင်ခံစာ တွင် ယင်းအချက်ကို ထည့်သွင်းဖော်ပြထား ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှိန်မြင့်လာနေ သော ပဋိပက္ခအမျိုးမျိုးနှင့် လုံးပန်းနေခဲ့ရ သည်မှာ ယခုဆိုလျှင် လေးနှစ်တိုင်ရှိလာပြီဖြစ် ကြောင်း၊ ထိုအခြေအနေများသည် မြန်မာ့ ကလေးသူငယ်များအပေါ် အကြီးမားဆုံး ထိခိုက်မှုများ ဖြစ်ပေါ်နေကြောင်း၊ အကြမ်း ဖက်မှုများ၊ နေရပ်စွန့်ခွာရမှုများနှင့် ကျန်းမာ ရေး၊ ပညာရေးကဲ့သို့ အရေးပါသော ဝန် ဆောင်မှုများ ပြတ်တောက်ခြင်းစသည့် ဆုံးရှုံး မှု များစွာက မြန်မာကလေးငယ်များ၏ အ သက်ရှင် ရပ်တည်မှုနှင့် ကောင်းမွန်စွာ ရှင်သန် ခွင့်များကို ပြင်းထန်စွာ ခြိမ်းခြောက်လျက် ရှိကြောင်း UNICEF Myanmar က ဆိုသည်။

နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူ များ၏ သုံးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များ ဖြစ်ကြပြီး မိမိတို့၏ ရပ်ရွာအသိုက်အဝန်းများ ကို စွန့်ခွာခဲ့ကြရကာ ယခုဆိုလျှင် မသေချာ မရေရာသော အနာဂတ်ကို ရင်ဆိုင်နေကြရ ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ပဋိပက္ခကြောင့် ကလေးငယ် ၇၅၀ ဦး သေဆုံး (သို့မဟုတ်) ထိ ခိုက်ဒဏ်ရာရခဲ့ပြီး ထိုအရေအတွက်မှာ ဆက် လက်မြင့်တက်လျက်ရှိကြောင်း UNICEF Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အခြေခံဝန်ဆောင်မှုများ ပြိုလဲလုနီးပါး အခြေအနေသည် ကလေးငယ်များနှင့် မိသား စုများအား အန္တရာယ်တွင်းထဲသို့ တွန်းပို့လျက် ရှိကြောင်း၊ ကိုဗစ် ကပ်ရောဂါကြောင့် ယိုယွင်း နေပြီးဖြစ်သော ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည် ယခုအခါ ပဋိပက္ခများ၊ မလုံခြုံမှုနှင့် ကျန်းမာရေးလုပ်သားများ အစု လိုက်ထွက်ခွာမှုများကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးကာ ကလေးငယ်များစွာမှာ အရေးကြီးသော ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိတော့ကြောင်း၊ ကလေးငယ်ဦးရေ တစ်သန်းကျော်သည် အရေးကြီးသော ကာ ကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ် ဆေး လုံးဝမထိုးရသေးသော ကလေးအများ အပြားရှိသော နိုင်ငံတစ်ခုဖြစ်လာနေကာ အ သက်အန္တရာယ် ဖြစ်စေနိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနေပြီဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်သည်။

          ထို့ပြင် ကလေးငယ် ငါးသန်းနီးပါးသည် ပညာသင်ကြားခွင့်မရဘဲ ၎င်းင်းတို့၏ သင်ယူလေ့ လာနိုင်မည့် အခွင့်အလမ်းများကို လက်လွတ် ဆုံးရှုံးထားရသကဲ့သို့ ပဋိပက္ခတွင် ပါဝင်သူများ ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ ကလေးလုပ်သားအဖြစ်အသုံးပြုခံရခြင်း၊ အ သက်မပြည့်မီ အတင်းအကြပ် လက်ထပ်ထိမ်း မြားခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့အပါ အဝင် ဆိုးရွားပြင်းထန်သော အန္တရာယ်များ နှင့်လည်း ကြုံတွေ့နေရကြောင်း UNICEFင်္ ပြညောမေ ၏ အစီရင်ခံစာတွင် ပါရှိသည်။

          စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့ တဲ့မှုများမှာ စိုးရိမ်ဖွယ်ရာအခြေအနေများ အထိ ရောက်ရှိလာနေပြီး မြန်မာနိုင်ငံရှိ ကလေးငယ် ၅၅ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်း ပါးစွာ နေထိုင်နေကြရကြောင်း၊ထို့အတူ ပြင်းထန်သောမုန်တိုင်းများနှင့် နှစ်စဉ်မုတ် သုံရာသီ ရေကြီးရေလျှံမှုများအပါအဝင် သဘာဝဘေးအန္တရာယ်များသည်လည်း မြန် မာနိုင်ငံရှိ ကလေးများကြုံတွေ့နေရသည့် ဆင်း ရဲဒုက္ခများကို ပို၍တိုးစေခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂီမုန်တိုင်းကြောင့် ကလေးငယ် ဦးရေ သုံးသိန်းကျော် ထိခိုက်ခဲ့ရပြီး စာသင် ကျောင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လူဦးရေအဆမတန်များပြားလွန်းသည့် စစ် ရှောင်စခန်းများနှင့် ထိခိုက်လွယ်သော လူမှု အသိုင်းအဝိုင်းများတွင် ရေကြောင့်ဖြစ်သည့် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ် ပွားမှုများအပြင် ဆိုးရွားသော လူနေမှုအခြေ အနေများကို ရင်ဆိုင်နေကြရပြီး ၎င်းင်း၏သက်ရောက်မှုများသည် ၂၀၂၅ ခုနှစ်အထိ ဆက်လက် ဖြစ်ပေါ်နေကြောင်း UNICEFင်္ ပြညောမေ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

Most Read

Most Recent