ရေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ

ရေးမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိ
Published 16 February 2025

 

ဖေဖော်ဝါရီ ၁၂ ရက်ကတည်း က နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးနေသည်ဆိုသည့် ရေးမြို့နယ် ကျောက်မိချောင်း ကျေးရွာအုပ်စု ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေး မှူးဖြစ်သူ ဦးသက်စိုးပိုင်အား ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်က မွန်းလွဲပိုင်းက ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ အ သက် ၄၅ နှစ်အရွယ် ဦးသက်စိုးပိုင်မှာ နေအိမ် မှ ရေးမြို့နယ် ကျောင်းရွာကျေးရွာအုပ်စု မြင်း တပြေးရွာသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အုပ်ချုပ်ရေးမှူး ဦးသက်စိုးပိုင်ရဲ့အလောင်းကို ငါးကလေး ချောင်းကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ခြံသမားတစ်ဦးက ခြံထဲကိုသွား နေတဲ့အချိန်မှာ အပုပ်နံ့ရလို့ သွားကြည့်လို့ ပြန်တွေ့တာလို့ သိရတယ်။ အလောင်းရဲ့ လည် ပင်းမှာ သေနတ်ဒဏ်ရာနှစ်ချက်၊ ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာလေးချက်နဲ့ သေဆုံးနေတာ လို့ သိရပါတယ်”ဟု ပြောကြားသည်။

ကွင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသက်စိုးပိုင်သည် ဖေဖော်ဝါရီ ၁၂ ရက် က နေအိမ်မှ ကျပ်ခြောက်သိန်းယူဆောင်ပြီး ၎င်းင်း၏ဆိုင်ကယ်ဖြင့် မြင်းတပြေးကျေးရွာရှိ လောင်းကစားဝိုင်းများသို့ သွားရောက်စဉ် အသတ်ခံရခြင်းဖြစ်သည်ဟု ယူဆရကြောင်း နှင့် ဦးသက်စိုးပိုင် စီးနင်းသွားသည့် ဆိုင်ကယ် အပြင် ၎င်းင်းဝတ်ဆင်ထားသော ရွှေထည်များနှင့် ငွေကြေးများလည်း ပျောက်ဆုံးနေကြောင်း ၎င်းင်းဒေသခံက ပြောကြားသည်။

ဦးသက်ပိုင်စိုး၏အလောင်းကို ဖေဖော်ဝါ ရီ ၁၅ ရက်မှာပင် ကွင်းရှည်ကျေးရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ 

Most Read

Most Recent