အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီဟက်ဆတ်က သမ္မတဒေါ်နယ်ထရန့်၏ နိုင်ငံဆိုင်ရာမူဝါဒများနှင့် တောင်းဆိုချက်များကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှင်းလင်းပြောကြားခဲ့ပြီး ဥရောပကယူကရိန်းကို ထောက်ပံ့မှုများနှင့် ယူကရိန်း၏ကိုယ်ပိုင်လုံခြုံရေးအတွက်ပံ့ပိုးမှုများကို မြှင့်တင်ရမည်ဟု ပြောကြားခဲ့သည်။
နေတိုးရုံးချုပ်၌ ဖြင့်ပြောကြားရာတွင် ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်း ဟက်ဆတ်က ယူကရိန်း၌ ရုရှားဆင် နွှဲနေသော စစ်ပွဲပြီးဆုံးရေးအတွက် ထရန့်ကတိပေးထားသော အနာဂတ်သဘောတူ ညီချက်အတွက်ပုံစံများကို ရှင်းပြခဲ့သည်။
“ကျွန်တော်တို့ရဲ့သတင်းစကားကတော့ ရှင်းလင်းပါတယ်။ သွေးထွက်သံယိုဖြစ်နေတာတွေ ရပ်သွားစေရမယ်။ ဒီစစ်ပွဲ ရပ်သွားစေရမယ်ဆိုတာပဲဖြစ်ပါတယ်”ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးပါဝင်သော ယူကရိန်းအား ထောက်ခံသော အုပ်စုကို ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များ လိုအပ်လိမ့်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့သည် ဆိုသော်လည်း ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရေးသည် လက်တွေ့မကျဟုပြောကြားခဲ့သည်။ အမေရိကန်ပြည်ထောင်စုက မြေပြင်တွင် စစ်သားများကို ဖြန့်ကြက်ပေး လိမ့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
“အဲဒီအစား လုံခြုံရေးအာမခံချက်မှန်သမျှကို လက်တွေ့လုပ်နိုင်စွမ်းရှိတဲ့ ဥရောပတပ်ဖွဲ့တွေနဲ့ ဥရောပမဟုတ်တဲ့တပ်ဖွဲ့တွေက ကျောထောက်နောက်ခံပေးကြရမှာဖြစ်ပါတယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထရန့်က အမေရိကန် စွမ်းအင်ထုတ်လုပ်မှုကို ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း၊ စျေးနှုန်းများကျဆင်းရေးအတွက် ယင်းသို့လုပ်ဆောင်ရန် အခြားသောထုတ်လုပ်သူများကို တိုက်တွန်းကြောင်း၊ စေ့စပ်ဆွေးနွေးရန် မော်စကိုအား တွန်းအားပေးထားကြောင်း ဟက်ဆတ်က ဆက်လက်ပြောကြားခဲ့သည်။
ဥရောပသည် ယူကရိန်းအတွက်များ ပြားလှသော အကူအညီဝေစုကို ယခုအချိန်တွင်စတင်ပေးရမည်ဟု ၎င်းက ပြောကြားခဲ့သည်။
တင်းမာသော အမေရိကန်သဘောထား ရှိလာမည်ဆိုသည်ကို အများအပြား မျှော်လင့်ထားပြီးဖြစ်သော်လည်း ယခုသဘောထားကရုရှားကိုပြန်တိုက်ရန် ရုန်းကန်နေရသော ယူကရိန်းစစ်သားများအတွက်လက်တွေ့ အခြေအနေအမှန်အား ဖော်ပြလိုက်ခြင်းဖြစ်သည်။
ဟက်ဆတ်၏နေတိုးရုံးချုပ်သို့လာသော ခရီးသည်ထရန့်အာဏာရပြီးကတည်းက ဥရောပသို့ အဆင့်မြင့်အမေရိကန်တာဝန်ရှိသူများ ဆက်တိုက်လာမည့်ခရီးစဉ်များထဲက ပထမဆုံးခရီးစဉ်တစ်ခုဖြစ်သည်။
အဆိုပါ ခရီးစဉ်များထဲတွင် ဖေဖော်ဝါရီ ၁၄ ရက်တွင် ယူကရိန်းသမ္မတဗိုလိုဒီမာဇယ် လန်းစကီးနှင့်တွေ့ဆုံမည့် အမေရိကန်ဒုတိယ သမ္မတဂျေဒီဗန့်၏ခရီးစဉ်လည်း ပါဝင်နေသည်။
ဥရောပ လုံခြုံရေးအကြောင်းပြောကြားရာတွင် ဟက်ဆတ်က ထရန့်၏တောင်းဆိုချက်ဖြစ်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ ၎င်းတို့ ဂျီဒီပီ၏ငါးရာခိုင်နှုန်းအထိ ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆကျော်သုံးရန် ပြောကြားထားသော စကားကို ထပ်လောင်းပြောကြားခဲ့သည်။
၀ါရှင်တန်က နေတိုးအတွက် ကတိပြုထားသည့်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်ဆိုသော်လည်း ဥရောပကစစ်ရေးအသုံးစရိတ်နည်းနည်းသာ သုံးနေသည်ကိုမြင်ရသော ဟန် ချက်မမျှသည့် ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုက သည်းခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။
အမေရိကန်အဓိကစိတ်ဝင်စားသည့် အရာမှတရုတ်မှလာသောခြိမ်းခြောက်မှုများကို အာရုံစိုက်ထားရေးဖြစ်ပြီး ဥရောပ၌ အမေရိကန် ပါဝင်ပတ်သက်မှုအပိုင်း၌ အတိုးအလျောများရှိလာနိုင်သည်ဟု ၎င်းက ပြောကြား ခဲ့သည်။
Ref: AFP














