ထရန့်နှင့် ပူတင်တို့၏ ဖုန်း ဆက်သွယ် ဆွေးနွေးခဲ့သည့် သတင်းကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုနိုင်ကြောင်း ကရင်မလင် ပြောကြား

ထရန့်နှင့် ပူတင်တို့၏ ဖုန်း ဆက်သွယ် ဆွေးနွေးခဲ့သည့် သတင်းကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုနိုင်ကြောင်း ကရင်မလင် ပြောကြား
ဖေဖော်ဝါရီ ၇ ရက်က ဖလော်ရီဒါပြည်နယ်ရှိ Mar a Lago စံအိမ်ကြီးတွင် ထရန့်က  အမေရိကန်ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များကို အမှာစကားပြောကြားနေစဉ်
ဖေဖော်ဝါရီ ၇ ရက်က ဖလော်ရီဒါပြည်နယ်ရှိ Mar a Lago စံအိမ်ကြီးတွင် ထရန့်က အမေရိကန်ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်များကို အမှာစကားပြောကြားနေစဉ်
Published 10 February 2025
Ref: AFP

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဖုန်းဆက် သွယ်ဆွေးနွေးခဲ့သည့် သတင်းကို အတည်ပြု ခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုနိုင်ကြောင်း ကရင်မလင်က ဖေဖော်ဝါရီ ၉ ရက်တွင် ပြော ကြားခဲ့သည်။

ထရန့်သည် သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ချိန်ကတည်းက ယူကရိန်း-ရုရှား စစ်ပွဲကို လျှင်မြန်စွာ အဆုံးသတ်ပေးမည်ဟု ကတိပြုခဲ့ပြီး ၎င်းနှင့် ပူတင်တို့ အဆက်အသွယ် ရှိခဲ့သည်ဆိုသည့် အကြောင်းအရာများကို နှစ်နိုင်ငံစလုံးမှ အစိုးရအဖွဲ့များက တရားဝင် အတည်ပြုခဲ့ခြင်းမရှိပေ။

ဖေဖော်ဝါရီ ၈ ရက်က New York Post သတင်းစာ၏ သတင်းတစ်ပုဒ်တွင် ထရန့်က သူသည် ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရေးအတွက် ပူတင်နှင့် ဖုန်းဆက် သွယ်ဆွေးနွေးခဲ့ကြောင်း၊ ပူတင်ကလည်း လူ အများအပြားသေဆုံးနေမှုကို မမြင်တွေ့လို ကြောင်း ၎င်းအား ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၇ ရက်က Air Force One လေယာဉ်ပေါ်တွင်ပြုလုပ်ခဲ့သည့် အင်တာဗျူး တစ်ခုတွင် ၎င်းနှင့် ပူတင်တို့ အကြိမ်ရေမည် မျှ ဆက်သွယ်ပြောဆိုခဲ့သနည်းဆိုသည့် မေး ခွန်းကို ထရန့်က “ဒါကိုတော့ မပြောတာပို ကောင်းပါတယ်” ဟု ဖြေကြားခဲ့သည်။

“သူ (ပူတင်) ကတော့ လူတွေသေဆုံး နေတာကို ရပ်တန့်ချင်နေပါပြီ” ဟု ထရန့်က New York Post ကို ပြောကြားခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကလည်း ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်းတို့ကို မပြုလုပ်နိုင်ကြောင်း သူ့အ နေဖြင့် ထိုကဲ့သို့ ဖုန်းဆက်သွယ်မှုကို သတိမ ထားမိကြောင်း နိုင်ငံပိုင် TASS သတင်းအေဂျင်စီကို ပြောကြားခဲ့သည်။

“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်ပြောနိုင်တာကတော့ အမေရိကန်အစိုးရဟာ လုပ်ငန်းဆောင်တာတွေကို ချဲ့ထွင်နေချိန်မှာ မတူကွဲပြားတဲ့ ဆက်သွယ်ရေးတွေလည်း မြင့် တက်လာပါတယ်။ ဒီဆက်သွယ်ရေးတွေဟာ မတူညီတဲ့ လိုင်းတွေကတစ်ဆင့် ချိတ်ဆက်ခဲ့တာပါ” ဟု ပက်စ်ကော့ဗ်ကပြောကြားခဲ့သည်။

ထိုကဲ့သို့ များပြားသည့် ဆက်သွယ်ရေး လမ်းကြောင်းများကြောင့် မိမိအနေဖြင့် ဆက်သွယ်မှုတစ်ခုခုကို ပုဂ္ဂိုလ်ရေးအရ သိနိုင်မည် မဟုတ်ကြောင်း ထို့ကြောင့် ထိုသတင်းများကို အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြု လုပ်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်သမ္မတ ထရန့် အာဏာရမလာမီက ပူတင်နှင့် ဆက်သွယ်မှုများရှိခဲ့သည့် ဆိုသည့် အတိတ်ကာလက သတင်းများကိုမူ ပက်စ်ကော့ဗ်က ငြင်းဆိုခဲ့ဖူးသည်။

ဇန်နဝါရီ ၂၃ ရက်က ထရန့်သည် ပူတင် နှင့် တွေ့ဆုံရန် ဆန္ဒရှိကြောင်းနှင့် ယူကရိန်း- ရုရှားစစ်ပွဲကို အမြန်ဆုံးရပ်တန့်စေလိုကြောင်း ပြောကြားခဲ့သည်။

ထရန့်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၅ ရက်ကပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ မတိုင်မီကတည်းက သူ သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်သည့်နေ့မှာပင် ရုရှား- ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြားဝင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့သည်။

သို့သော် ယခုတွင်မူ ရုရှား-ယူကရိန်းစစ် ပွဲကို လနှင့်ချီအချိန်ယူပြီး အဆုံးသတ်ရနိုင် ကြောင်း ထရန့်၏ အကြံပေးများက ပြောကြား ခဲ့သည်။

“သမ္မတပူတင်နဲ့ တွေ့ဆုံချင်ပြီး စစ်ပွဲကို အမြန်ဆုံးရပ်တန့်စေချင်ပါတယ်” ဟု ထရန့် က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့တွင်ပြုလုပ်ခဲ့ သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဗီဒီယိုဆက် သွယ်မှုမှတစ်ဆင့် ပြောကြားခဲ့သည်။

 

 

Most Read

Most Recent