လွန်ခဲ့တဲ့ ၁၈ လတုန်းက ခူဆာနော့ဗ်က UEFA ရဲ့ ဥရောပလိဂ် ပြိုင်ပွဲ ၅၅ ခုရဲ့ အဆင့် ၅၃ နေရာက ဘီလာရုစ်လိဂ် မှာ ကစားနေတာပါ။ အခုတော့ အသက်နှစ်ဆယ်အရွယ် ခူဆာနော့ဗ်က ပြောင်းရွှေ့ကြေး ပေါင် ၃၃ ဒဿမ ၆ သန်းနဲ့ မန်စီးတီးကိုရောက်လာပြီး ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ပထမဆုံး ဥဇဘက်ကစ္စတန်ကစားသမား ဖြစ်လာပါပြီ။ အသက် ၈ နှစ်အရွယ်မှာပဲ ခူဆာနော့ဗ်က ဒေသခံကလပ် Bunynodkor အသင်း အကယ်ဒမီ ဆီရောက်ခဲ့တယ်။ သူ့ထက်အသက်နှစ်နှစ်ကြီးတဲ့ ကစားသမားတွေနဲ့ အပြိုင်ကြဲခဲ့ပြီး သူ့ပါရမီသူသက်သေပြနိုင်ခဲ့တယ်။ ဒါပေမဲ့အသက် ၁၇ နှစ်အရွယ် ရောက်တဲ့အထိ ခူဆာနော့ဗ်ရဲ့ဘောလုံးသမားဘဝကမရေရာခဲ့ဘူး။ Bunynodkor အသင်းတာဝန်ရှိ သူတွေက ခူဆာနော့ဗ်ရဲ့ရုပ်ပိုင်းဆိုင်ရာသန်မာမှုကို အားမရဘဲ တတိယတန်းအဆင့် ကစားသမားဆိုပြီး တံဆိပ်ကပ်လိုက်တယ်။ အဲဒီအချိန်မှာ ခူဆာနော့ဗ်ရဲ့အဖေ ဥဇဘက်ကစ္စတန် ကစားသမားဟောင်း ပေါက်ကွဲခဲ့ပါပြီ။ သူ့သားကိုဘီလာရုစ် အခြေစိုက် Energetic-BGU အသင်းကို စေလွှတ်ခဲ့တယ်။ အဲဒီအသင်းက ခူဆာနော့ဗ်ရဲ့စွမ်းရည်ကို သဘောကျပေမယ့် ဘီလာရုစ်ဘောလုံးလောကရဲ့စည်းမျဉ်းအရ အသက် ၁၈ နှစ်ပြည့်မှ ကစားခွင့်ရပါတယ်။
ဂွါဒီယိုလာ ကြွေသွားတဲ့ ဥဇဘက်ကစ္စတန်ကြယ်ပွင့် ခူဆာနော့ဗ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။