တရုတ်ကုမ္ပဏီ၏ AI ကြောင့် Nvidia ၏ ဈေးကွက်တန်ဖိုး ဒေါ်လာဘီလျံ ၆၀၀ နီးပါး ဆုံးရှုံး

တရုတ်ကုမ္ပဏီ၏ AI ကြောင့် Nvidia ၏ ဈေးကွက်တန်ဖိုး ဒေါ်လာဘီလျံ ၆၀၀ နီးပါး ဆုံးရှုံး
Published 28 January 2025

လျင်မြန်စွာ တိုးတက်လာနေသော AI နယ်ပယ်တွင် အမေရိကန်လွှမ်းမိုးမှုကို ခြိမ်းခြောက်နိုင်သော ကုန်ကျစရိတ်သက်သာသည့် တရုတ်ထုတ် AI ထွက်ပေါ်လာပြီးနောက် အမေရိကန်ချစ်ပ် ထုတ်လုပ်သော ကုမ္ပဏီ Nvidia သည် ဇန်နဝါရီ ၂၇ ရက်တွင် နည်းပညာစတော့စျေးကွက်၌ အစုရှယ်ယာစျေး ၁၇ ရာခိုင်နှုန်းနီးပါးကျဆင်းခဲ့ရာ ကုမ္ပဏီ၏စျေးကွက်တန်ဖိုးဘီလျံ ၆၀၀ နီးပါးကို ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

အခြားနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Nasdaq ၏ရှယ်ယာစျေးသည် သုံးရာခိုင်နှုန်းကျော်ကျဆင်းခဲ့သည်။ DeepSeek ကမူ ၎င်း၏ AI ကို ဖန်တီးရာတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း သာကုန်ကျခဲ့သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်နည်းပညာကုမ္ပဏီများက AI ကို ဖန်တီးသည့်အခါ ဒေါ်လာဘီလျံချီကုန်ကျခဲ့သည့် အနေအထားနှင့်နှိုင်းယှဉ်ပါက DeepSeek အနေဖြင့် ကုန်ကျစရိတ် မဆိုစလောက်သာရှိခဲ့သည်။

“တရုတ်က အမေရိကန်နည်းပညာလွှမ်းမိုးမှုကို စိန်ခေါ်နေပါပြီ” ဟု XTB ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ သုတေသ နာဒါရိုက်တာ ကက်သလင်းဘရွတ်က ပြောကြားခဲ့သည်။ အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Broadcom ၏ရှယ်ယာစျေးသည် ဇန်နဝါရီ ၂၇ ရက်တွင် ၁၇ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်ပိုင်းလျှပ်ကူး ပစ္စည်းများထုတ်လုပ်သော နယ်သာလန်ကုမ္ပဏီ ASML ၏ရှယ်ယာစျေးသည် ၆ ဒသမ  ၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။    

Most Read

Most Recent