■ စွမ်းအားမြင့်ဘောလုံးက ပေးတဲ့ ဖျော်ဖြေမှုတွေနဲ့ အီရာအိုလာ     

■ စွမ်းအားမြင့်ဘောလုံးက ပေးတဲ့ ဖျော်ဖြေမှုတွေနဲ့ အီရာအိုလာ     
Photo: Getty Images
Photo: Getty Images
Published 24 January 2025
Chan Myae

ဘုန်းမောက်က နယူးကာဆယ်ရဲ့ နိုင်ပွဲဆက်စံချိန်ကို ချိုးလိုက်တယ်။ ဘုန်းမောက် ရှုံးပွဲမရှိတာ (၁၀)ပွဲဆက်တိုက် ရှိသွားပြီ။ အဲဒီ (၁၀)ပွဲထဲမှာ နယူးကာဆယ်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်၊ မန်ယူနိုက်တက်၊ စပါး အစရှိတဲ့အသင်းတွေ ပါတယ်။ ချယ်လ်ဆီး၊ ယူနိုက်တက်၊ နယူးကာဆယ်တို့ကို အဝေးကွင်းကနေ ခြေစွမ်းကောင်းတွေ ပြခဲ့တယ်။ (၂၂) ပွဲကစားပြီးချိန်မှာ အဆင့် (၇)နေရာမှာ ရှိနေတယ်။ အဆင့် (၄)နေရာနဲ့ (၁) ပွဲစာ အမှတ်အကွာမှာပဲ ရှိတယ်။ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၉)ထက်ကျော်လွန်ပြီး မရပ်တည်ဖူးပါဘူး။ အခုတော့ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးဥရောပဝင်ခွင့်ကို လက်တွေ့ကျကျ မျှော်မှန်းနေနိုင်ပြီဖြစ်တယ်။ ဒီအနေအထား ရောက်လာအောင် အီရာအိုလာနဲ့အတူ အသင်းသားတွေက စွမ်းဆောင်ပြနေတာလည်း ဖြစ်တယ်။ 

 

Most Read

Most Recent