■ အကြမ်းတမ်းဆုံးခရီးရဲ့ အခက်ခဲဆုံးအခိုက်အတန့်     

■ အကြမ်းတမ်းဆုံးခရီးရဲ့ အခက်ခဲဆုံးအခိုက်အတန့်     
Photo: Getty Images
Photo: Getty Images
Published 24 January 2025
Wai Yan Aung

တကယ်လို့ လီဗာပူးလ်သာ အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ကျန်ပွဲတွေကို အနိုင်ရခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ အမှတ်ကွာဟမှုက (၁၅)မှတ်အထိဖြစ်သွားမှာပါ။ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးရပ်တည်မှုမှာ လီဗာပူးလ်က (၂၁)ပွဲကစားပြီး အမှတ် (၅၀)ရရှိထားပါတယ်။ မန်စီးတီးကတော့ (၂၂)ပွဲကစားပြီး (၃၈)မှတ်ရရှိထားပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ (၄)ပွဲဆက်ရှုံးနိမ့်တဲ့အထိ အခြေအနေဆိုးခဲ့တဲ့ မန်စီးတီးအသင်းက နောက်ဆုံး(၅)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ (၄)ပွဲ ဆက်ရှုံးနိမ့်တုန်းက (၂)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်က နောက်ဆုံး(၅)ပွဲမှာ (၁၅)ဂိုး သွင်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဂွါဒီယိုလာက အသင်းရဲ့အကောင်းဆုံးပုံစံကို ပြန်မရသေးပေမဲ့ ပြန်ရဖို့ နီးစပ်နေပြီလို့ သုံးသပ်ခဲ့တာပါ။

 

Most Read

Most Recent