ဗင်နီစီယပ်စ်ဟာ နောက်ဆုံးမှာတော့ အကောင်းဆုံးဆုတစ်ခုနဲ့ ဂုဏ်ပြုခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ ဒါဟာ သူ ပြသခဲ့တဲ့ ခြေစွမ်းအတွက် ထိုက်တန်သော ဂုဏ်ပြုခြင်းလည်း ဖြစ်ပါတယ်။ Ballon d'Or မှာ ရိုဒရီကို မကျော်ဖြတ်နိုင်ခဲ့ပေမဲ့ ဖီဖာက ပေးအပ်တဲ့ တစ်နှစ်တာအကောင်းဆုံးဆုမှာတော့ ရိုဒရီနဲ့ အသင်းဖော် ဘယ်လင်ဂမ်တို့ကိုကျော်ဖြတ်ပြီး ဗင်နီစီယပ်စ်က ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ Ballon d'Or အသည်းကွဲမှုကို ပြန်လည်ကုစားနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။ သေချာတာကတော့ ဗင်နီစီယပ်စ်ဟာ ဒီဆုနဲ့ထိုက်တန်တဲ့ ကစားသမားဆိုတာပါပဲ။ Ballon d'Or ကို ဗင်နီ ရခဲ့တယ်ဆိုရင်လည်း အငြင်းပွားဖွယ်ရာ မရှိသလို အခု ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုမှာလည်း ထိုက်တန်ပါတယ်။ ရိုဒရီလည်း နှစ်ဆုစလုံးနဲ့ ထိုက်တန်သူဖြစ်ပေမဲ့ အခုလိုမျိုး တစ်ယောက်တစ်ဆုခွဲပြီး ရရှိသွားခြင်းက ထိုက်တန်သူနှစ်ယောက်စလုံးအတွက် ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်စေခဲ့တယ်။
■ ဗင်နီစီယပ်စ်အတွက်၊ အသားအရောင်နဲ့ အရည်အသွေးအတွက်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















