ချယ်လ်ဆီးရဲ့ မင်္ဂလာရှိသောအရပ်မှာ မဟာတံတိုင်းလို ရှင်သန်နေတာ ဆန်းချက်ဇ်ပါပဲ။ သူက တစ်ခါတလေ အမှားအယွင်းတွေနဲ့ ယှဉ်တွဲနေထိုင် ပေမဲ့ အံ့မခန်းကာကွယ်မှုတွေလည်း လုပ်ပြတတ်သူပါ။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲတုန်းကဆိုရင် ဆန်းချက်ဇ်သာ Great Save တွေ မလုပ်နိုင်ရင် ချယ်လ်ဆီး ပြိုလဲသွားနိုင်ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာမှ မဟုတ်ပါဘူး။ ဘုန်းမောက်နဲ့ပွဲမှာလည်း ဆန်းချက်ဇ်က လက်စွမ်းပြခဲ့ပါသေးတယ်။ မာရက်စကာရဲ့ အလှည့်ကျလူထုတ်ပုံကြောင့် ဆန်းချက်ဇ်လည်း ပွဲတိုင်းကစားခွင့်မရပါဘူး။ ပရီးမီးယားလိဂ်ပွဲတွေလောက်ပဲ ဦးစားပေးကစားနေရတယ်။ အဲဒီအခြေအနေက တာဝန်ယူစိတ်ကို ပိုပြီး လူးလွန့်စေတယ်။ မာရက်စကာရဲ့ အလှည့်ကျစနစ်က ကိုယ်ပိုင်တဲ့ကိုယ့်နေရာလေး အချိန်မရွေး ပျောက်ဆုံးသွားနိုင်တယ်ဆိုတာကို သတိပေးနေတာပါပဲ။ ဆန်းချက်ဇ်က သူပိုင်ဆိုင်တဲ့နေရာလေး အပျောက်မခံနိုင်ဘူး။
■ ပီတာချက်လိုဘဝ မျှော်နေတဲ့ ရောဘတ်ဆန်းချက်ဇ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















