■ ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

■ ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
Published 14 November 2024
ဘိုဘိုမြင့် (မော်လမြိုင်)

ထိုင်း - မြန်မာနယ်စပ် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့သို့ သွားရောက်ကြမည့် တရုတ် လူဆိုးဂိုဏ်းဝင်ဟု ယူဆရသူ အမျိုး သား ၁၈ ဦး နှင့် အမျိုးသမီး နှစ်ဦးတို့အား ပြီး ခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့မွန်းလွဲပိုင်း အချိန်က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံ ဘက်မှ လာသည့် သတင်းများအရ သိရသည်။

တရုတ်နိုင်ငံသား ၁၈ ဦးနှင့် လာအိုနိုင်ငံ သူ နှစ်ဦးပါဝင်သောအဖွဲ့မှာ ထိုင်း - မြန်မာ နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း စံခလဘူရီ ဒေသအတွင်း တရားမဝင် နေထိုင်ပြီးနေ ကြ ပြီးနောက် ဘုရားသုံးဆူသို့သွားရန် တောလမ်း အတိုင်းဖြတ်သန်းစဉ် ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ သတင်းရရှိသဖြင့် လိုက်လံရှာဖွေရာ စံခလယ် ကျေးရွာ စာသင်ကျောင်းရှေ့တွင် တွေရှိခဲ့ သည် ဟု ထိုင်းလုံခြုံရေးအဖွဲ့မှတာဝန်ရှိသူ၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်း သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ထို စံခလယ်ကျေးရွာ စာသင်ကျောင်း ရှေ့လမ်း ဘေးတွင် အဝတ်အစား ကောင်း ကောင်းဝတ်ဆင်ထား သည့် အရွယ်ကောင်း အမျိုးသားများနှင့် အမျိုးသမီးများကို တွေ့ရှိ သဖြင့် ထိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးရာ ပတ်စပို့ နှင့် အထောက်အထားစာရွက်စာတမ်းများ မပြနိုင်သဖြင့် ဖမ်းဆီးခဲ့ပြီး၊ စံခလဘူရီ ရဲစခန်း တွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း နှင့် ၎င်းင်းတို့မှာ  ွမနပ ဃ့ငညနျန တရုတ်လူဆိုး ဂိုဏ်းဝင်များဖြစ်ကြသည်ကို စိစစ် တွေ့ရှိထား သည်ဟုလည်း ၎င်း ထိုင်းလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုထားသည်။

ထို့အတူ ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ် စံခလယ်ကျေးရွာနှင့် ဘုရားသုံးဆူကျေးရွာ အကြားရှိ နန်းပကိတ် ထိုင်းစစ်တပ်ဂိတ်ကို လည်း လုံခြုံရေးတင်းကြပ်လိုက်ပြီး ယာဉ် အသွားအလာများကို ဆက်လက်စစ်ဆေး နေစဉ် ကန်ချနဘူရီဘက်မှလာသော အဖြူ ရောင်  ှုျကဖက မော်တော်ကားတစ်စီးပေါ်မှ ပါဆယ်ထုပ်များ စစ်ဆေးခဲ့ရာ လက်နက်နှင့် ခဲယမ်းအချို့ကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလ ဘူရီမြို့နယ် နှင့်နယ်စပ်ချင်းထိစပ်နေသည့် မြန်မာနိုင်ငံ ကရင်ပြည်နယ် ကြာအင်းဆိပ် ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် ယခုအခါ ကျားဖြန့်လုပ်ငန်းများအပါအဝင် အခြားသော အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများ လုပ် ကိုင်ရန် ထောင်နှင့်ချီသော တရုတ်နိုင်ငံ သားများ ရောက်ရှိနေကြောင်းလည်း ဘုရား သုံးဆူဒေသခံများထံမှ သိရသည်။

 

Most Read

Most Recent