ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဇလွန်ပြည်တော်ပြန်ဘုရားကြီး၌ တန်ဆောင်တိုင်ပွဲတော်ကိုလဆန်း(၁၄)ရက်၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တို၌ သုံးရက်တိုင်ကျင်းပရန်ရှိနေခြင်းဖြစ်သည်။
"မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲရှိပါမယ်။ လဆန်း(၁၄)ရက်နေ့ညပိုင်းမှာ မသိုးသင်္ကန်းရက်ချုပ်ကြရမှာပါ။ ပြိုင်ပွဲမှာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြိုနယ်က တစ်စင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြိုနယ်က တစ်စင်နဲ့ ဇလွန်မြိုနယ်က နှစ်စင် စုစုပေါင်း စင်လေးစင်နဲ့ အမရာ၊ ကိန္ဒရီ၊ မဒ္ဒီ၊ သမ္ဘူလ ဆိုပြီး လေးစင်ပြိုင်ရပါမယ်။ လပြည့်နေ့မနက် အာရုံတက်ချိန်မှာ မသိုးသင်္ကန်း ကပ်လှူပူဇော်ကြမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပထမဆုရတဲ့သင်္ကန်းကို မာရ်အောင်မြင်ဘုရားကြီးကို ကပ်လှူမှာဖြစ်ပြီး ဒုတိယ၊ တတိယနဲ့ စတုတ္တရတဲ့ သင်္ကန်းသုံးထည်ကိုတော့ ဂန္ဓကုဋီတိုက်မှာရှိတဲ့ တခြားဘုရားသုံးဆူမှာ ကပ်လှူပေးမှာဖြစ်ပါတယ်"ဟု ဂေါပကအဖွဲ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။
တန်ဆောင်တိုင်ပွဲတော်အတွက် ရောင်စုံမီးအလှဆင်မှုများမှာ သီတင်းကျွတ်ပွဲတော်ကာလကထက်ပိုမိုစုံလင်မည်ဖြစ်ကြောင်း သိရသည်။
"သီတင်းကျွတ်တုန်းကလို ဇောင်းတန်းတစ်လျှောက် မီးအလှဆင်တာတွေရှိမယ်။ ကွင်းပြင်မှာလည်း လိပ်ပြာရုပ်တို အသဲပုံတို မြန်မာ့ရိုးရာလှည်းယာဉ်နဲ့နွားရုပ်တို မီးအလှဆင်တာတွေရှိမယ်။ မင်္ဂလာဆင်တော်တွေနဲ့ ပန်းဥယျာဉ်ပုံ မီးအလှဆင်တာတွေလည်းရှိပါမယ်။ အခြားစိတ်ဝင်စားဖွယ် ပုံစံမျိုးစုံ ပုံဖော်အလှဆင်တာတွေလည်းရှိမှာပါ။ ဘုရားကြီးဇောင်းတန်းအားလုံးနဲ့ သာသနာ့ဗိမာန်တော်ကြီးမှာလည်း လျပ်စစ်မီးပူဇော်မှုတွေ ရှိပါမယ်။ မင်္ဂလာကန်တော်မှာ အလှဆင်တာတွေလည်းရှိမယ်။ မီးပုံးပျံတွေလည်း သုံးညဆက်တိုက်လွှတ်တင်ဖိုရှိပါတယ်"ဟု ဂေါပကအဖွဲတာဝန်ရှိသူက ဆက်လက်ဖြေကြားသည်။
ဇလွန်မြို မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၌ တန်ဆောင်တိုင်ပွဲတော်ရက်တွင် မြန်မာ့ဆိုင်းဝိုင်းဖျော်ဖြေမှု၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေမှုတိုလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။