အမေရိကန်၏ ၄၇ ဦးမြောက်သမ္မတ အဖြစ် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရန့် ရွေးကောက်ခံရပြီးနောက် အမေရိကန်ပြည်ထောင်စုက ထိုင်းနယ်စပ်ဒေသများရှိ စခန်းများတွင် လတ်တလောနေထိုင်နေကြသော မြန်မာဒုက္ခသည်များအတွက် အမေရိကန်၏ပြန်လည်နေရာချထားရေး အစီအမံကို ပယ်ဖျက်ဖွယ်ရှိသည်ဟု လူ့အခွင့်အရေးကျွမ်းကျင်သူတစ်ဦးကပြောကြားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနက The Nation က နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။
ထိုင်းက အဆိုပါစခန်းများကို ပိတ်နိုင်ရန် လူနည်းစုအုပ်စု ဒုက္ခသည် ၆၀,၀၀၀ ခန့်ကို တတိယနိုင်ငံတစ်နိုင်ငံ၌ အမြဲတမ်းနေ ထိုင်ခွင့်ကမ်းလှမ်းသော အစီအမံဖြစ်ပြီး ယင်းဒုက္ခသည်တို့ကို ပြန်လည်နေရာချထားပေးရန် ရည်ရွယ်သော အစီအစဉ်အား အမေရိကန်နိုင်ငံကို ဒီမိုကရက်ပါတီက ဦးဆောင်ထားချိန်တွင် ထိုင်းအစိုးရနှင့် အမေရိကန် အစိုးရတို့က ယခင်က ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ ၆ ရက် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ ရှုံးနိမ့်ခဲ့ခြင်းနှင့်အတူ ရွေး ကောက်ခံသမ္မတဒေါ်နယ်ထရန့်က လူ့အခွင့် အရေးကိစ္စများကို ဦးစားပေးသူမဟုတ်သောကြောင့် အမေရိကန်နိုင်ငံသည် အဆိုပါအစီအမံများ ပယ်ဖျက်ကောင်းပယ်ဖျက်နိုင်သည်ဟု အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားမြှင့်တင်ရေးအဖွဲ့(AHRLA)၏ညွှန်ကြား ရေးမှူး ဖီးလစ်ရောဘတ်ဆင်က ပြောကြားခဲ့သည်။
ထရန့်၏ဦးဆောင်အောက်တွင် အမေရိကန်ပြည်ထောင်စုသည် ပြည်ပနိုင်ငံများ၏သွင်းကုန်များအပေါ် အနည်းဆုံးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံခြင်းဖြင့် ပြည်တွင်း လုပ်ငန်းကာကွယ်ရေးမူဝါဒကို အ ကောင်အထည်ဖော်လိမ့်မည်ဟု နိုဝင်ဘာ ၇ ရက်တွင် ဘန်ကောက်အခြေစိုက် စီးပွားရေး သတင်းစာ Krungthep Turakij နှင့် အင် တာဗျူး၌ ရောဘတ်ဆင်က ဖြေကြားခဲ့သည်။
အမေရိကန်သည် ထိုင်းနိုင်ငံ၏အကြီးဆုံး ပြည်ပပို့ကုန်စျေးကွက်ကြီးဖြစ်သောကြောင့် စည်းကြပ်ခွန်ကောက်ခံမည့် ကိစ္စသည် ထိုင်း၏ပို့ကုန်ကဏ္ဍကို ထိခိုက်စေလိမ့်မည်ဟု ဆိုသည်။
ထရန့်သည် မဲဆွယ်စည်းရုံးရေးဆင်းခဲ့စဉ်က ပြောကြားခဲ့သော မူဝါဒများကို အ ကောင်အထည်ဖော်မည်ဆိုပါက အမေရိကန်တွင် နှစ်ပေါင်းများစွာနေထိုင်သော်လည်း အမေရိကန်နိုင်ငံသားမဟုတ်သူများ ကို ဖမ်းဆီးခြင်းသို့မဟုတ် ပြန်ပို့ခြင်းတို့လို ဝရုန်းသုန်းကား အခြေအနေ သို့ တည်းမဟုတ် အကျပ်အတည်းပေါ်ပေါက်လာနိုင်စရာရှိနေ သည်ဟု ၎င်းင်းက ခန့်မှန်းပြောကြားခဲ့သည်။
“အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေလို နိုင်ငံတွေကလာတဲ့ နိုင်ငံခြားသား တွေဟာ ပြန်ပို့ခံရနိုင်ပါတယ်။ အထူးသဖြင့် အသက်ပိုကြီးလာတဲ့မျိုးဆက်တွေရဲ့ ရွှေ့ပြောင်းတွေ ပြန်ပို့ခံရနိုုင်တဲ့ ဖြစ်နိုင်ခြေတွေရှိ နေပါတယ်။ တစ်ဘက်မှာလည်း အမေရိကန်မှာမွေးတဲ့ သူတိုရဲ့သားသမီးတွေဟာ အမေရိ ကန်နိုင်ငံသားအလိုအလျောက်ဖြစ်ကြပြီး အဲဒီသားသမီးတွေဟာ အမေရိကန်နိုင်ငံမှာ ဆက်လက်ကျန်ရစ်နေပါလိမ့်မယ်”ဟု ၎င်းင်းက ဖြည့်စွက် ပြောကြားခဲ့သည်။
ယင်းသို့ ပြန်ပို့ခြင်းများက မိသားစုကွဲကွာမှုများကို ဖြစ်စေနိုင်သောကြောင့် အစိုးရချင်း ပဋိပက္ခဖြစ်ခြင်း၊ အစိုးရအာဏာပိုင်အဖွဲ့များနှင့် အမေရိကန်ပြည်နယ်များ ပြဿနာတက်ခြင်း၊ အထူးသဖြင့် ထရန့်၏မူဝါဒများ ကို လိုက်နာရန် ငြင်းဆန်သော ဒီမိုကရက် အုပ်ချုပ်ရေးမှူးများရှိသော ပြည်နယ်များနှင့် ပြဿနာတက်နိုင်သည်ဟု ရောဘတ်ဆန်က ပြောသည်။
Ref: The Nation