မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ လမ်း ၉၀ နှင့် ၉၀(A) လမ်းကြား၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြာရှိ ပေ ၄၀ × ပေ ၃၀ ပေ နံကပ် နှစ်ထပ်အဆောက်အဦ၏နောက်တွင် အဖီဆွဲထားသော ၁၅ ပေ × ၃၀ ပေ သွပ်မိုးပျဉ်ထောင်၊ ပျဉ်ခင်းနှစ်ထပ် အပေါ်ထပ်အိပ်ခန်းအတွင်း ဘတ္ထရီအားသွင်းမီးလုံး အားသွင်းထားရာမှ အပူလွန်ကဲပြီးအနီးရှိ မွေ့ယာသို့မီးကူးစက်ပြီး မီးလောင်မှု ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် ညနေ ၄ နာရီ ၄၃ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိသည်။
မီးလောင်ရာသို့ Level-1 ယာဉ်အုပ်စု မီးငြိမ်းသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေတပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ ကြောင်း၊ မီးငြိမ်းသတ်ရေဂါလန် ၈၀၀၀ ခန့် မီးကြွင်းမီးကျန်ရေဂါလန် ၂၀ ခန့်၊ စုစုပေါင်းရေဂါလန် ၁၀၀၀၀ ခန့် အသုံးပြုငြိမ်းသတ်ခဲ့ကြသည်။
၁၅ ပေ × ၃၀ ပေသွပ်မိုးပျဉ်ထောင်၊ ပျဉ်ခင်း နှစ်ထပ် အပေါ်ထပ်နှင့် ၄၀ ပေ × ၃၀ ပေ နံကပ်နှစ်ထပ်အပေါ်ထပ် ၄၀ ပေ ×၃၀ ပေ (အောက်ထပ်နံကပ်)၊ အပေါ်ထပ် သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၂)ထပ် အပေါ်ထပ် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး အတွင်းပစ္စည်းများလည်း မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုအား ညနေ ၄ နာရီ ၅၉ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီာခန့်တွင် မီးလုံးဝငြိမ်းခဲ့သည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် အိမ်ရှင် အသက် ၃၆နှစ်အရွယ် အမျိုးသမီးအား အမှတ်(၅)မြို့မရဲစခန်းမှ( ပ- ၁၇၃/ ၂၀၂၄)၊ ပုဒ်မ-၂၈၅ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သက်ထွန်းအောင်