ပိုချက်တီနိုနဲ့ အမေရိကန်တို့ရဲ့ ၂၀၂၆ မျှော်လင့်ခြင်းများ

ပိုချက်တီနိုနဲ့ အမေရိကန်တို့ရဲ့ ၂၀၂၆ မျှော်လင့်ခြင်းများ
Photo : X
Photo : X
Published 13 September 2024
Phoe Thar

ပြီးခဲ့တဲ့စက်တင်ဘာ (၁၁)ရက်နေ့မှာ အမေရိကန်လက်ရွေးစင်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် အာဂျင်တီးနားလူမျိုးပိုချက်တီနိုကိုခန့်အပ်ကြောင်းအတည်ပြုကြေညာခဲ့တယ်။ အမေရိကန်ဘောလုံးလောကအတွက် အပြောင်းအလဲအချိုးအကွေ့တစ်ခုလို့ဆိုရမှာဖြစ်ပြီး ပုံရိပ်မြင့်မားတဲ့ ထိပ်တန်းအဆင့်နည်းပြတစ်ဦးကိုအလိုရှိနေတဲ့အသင်းနဲ့ လုပ်ပိုင်ခွင့်များပြီး အရည်အသွေးကိုသက်သေပြချင်တဲ့နည်းပြတို့ရဲ့ ပေါင်းစည်းမှုက နှစ်ဦးနှစ်ဖက်အပြုသဘောဆောင်ခြင်းလည်းဖြစ်ခဲ့တယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ် (USSF)တာဝန်ရှိသူတွေဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအပြီးမှာပဲ နည်းပြ ဟောင်းဖြစ်တဲ့ အမေရိကန်လူမျိုးနည်းပြဘာဟယ်လ်တာနဲ့ လမ်းခွဲပြီးနည်းပြသစ်ရှာဖွေမှုကိုအပူတပြင်းလုပ်ဆောင်ခဲ့တာပါ။

 

Most Read

Most Recent