မီးပြတ်ခြင်း၊ ရေလျှံခြင်းနှင့် အညာမြေက သောက

မီးပြတ်ခြင်း၊ ရေလျှံခြင်းနှင့် အညာမြေက သောက
Published 14 July 2024

 

အညာမှာ ဒီနှစ် မိုးဦးမကောင်း ပါ။ နေ့အပူချိန်ကလည်း အတော်ပူပြင်း။ လျှပ်စစ်မီးရှိလို့သာ နေထိုင်ရေး သက်သာတယ်လို့ ဆိုရပါမယ်။ သို့ပေမဲ့ လျှပ်စစ်မီးက အလှည့်ကျ စနစ်ဖြင့်သာလာတော့ မီးလာသည့် အချိန်လေး ရေစက်မောင်း၊ ထမင်း ချက်၊ ဟင်းချက်၊ ဖုန်းအားသွင်း၊ ည မီးပြတ်ချိန် အလင်းရောင်ရရန် မီး လုံးများ အားသွင်းခြင်းတွေက ဆက် တိုက်လုပ်ကြရပါတယ်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးပြတ်သွားချိန် ပုံမှန်ဝင်အားလျော့လို့ ထင်နေကြ ပေမဲ့ တစ်နာရီခန့်အကြာ “အုန်း တော-ညောင်ပင်ကြီး မဟာဓာတ် အားလိုင်း line fault ဖြစ်လို့ မီး ပြတ်ချိန်ကြာပါမယ်”လို့ ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ တွေ့ရပါတယ်။              ပခုက္ကူခရိုင်ထဲက မြို့တွေနဲ့ စစ် ကိုင်းတိုင်းထဲက မြို့နယ်အချို့ လျှပ် စစ်မီးပြတ်တောက်သွားပါတယ်။ ရေ ဒုက္ခ၊ မီးဒုက္ခတော့ စပြီလို့တွေးရင်း ပထမနေ့တော့ ရှိတဲ့ရေလေးချွေ တာသုံးကြ။ ဖုန်းအားလေး ချွေတာ ကြနဲ့။

          ကိုယ်နေတဲ့ ပခုက္ကူမြို့က ရာ သီဥတု ပူပြင်းတော့ တစ်နေ့တစ်ခါ လောက်တော့ ရေချိုးရမှ သက်သာ တာ။ ဒုတိယနေ့ရောက်တဲ့အခါ မီး စက်မောင်းတဲ့အိမ်တွေမှာ ဖုန်းအား သွင်း မီးလုံးတွေအားသွင်း။ ရေစက် မောင်းတဲ့ သူကို ဖုန်းဆက်ခေါ်ပြီး ရေတင်ရသလို ရေတင်နေတုန်း အိမ်ရှိလူကုန် ရေချိုး။ တစ်နေ့တစ် နေ့ စားဝတ်နေရေးအတွက် မောရ ရေမီးအတွက်နဲ့မောရ။ အသိတွေ တွေ့ရင်လည်း “လျှပ်စစ်မီး ဘာ ကြားသေးတုံး”လို့ မေးကြပြောကြ။ တချို့လည်း သိပ်မကြာလောက်ပါ ဘူးလို့ အားတင်းစကားလေးပြော။

          ပြီးခဲ့သည့် ဇွန်လတုန်းက လည်း ရက်ရှည် လျှပ်စစ်မီးပြတ် တောက်မှု နှစ်ကြိမ်ကြုံတွေ့ထား တော့ ပြင်ပြီးတဲ့အချိန် ပြန်ရမှာပေါ့ လို့ပဲ အားတင်းထားကြရတယ်။ ငါး ရက်လောက် လုံးချာလည်ရင်း “မ ဟာဓာတ်အားလိုင်း အပြစ်ဖြစ် သည့် ချောင်းဦးနှင့် မြင်းမူကြား တိုင်များကို သွားရောက်ပြင်ဆင်ရန် မလွယ်ကူခြင်းကြောင့်  မီးပြတ်ချိန် ကြာနိုင်ပါတယ်”ဆိုတဲ့ သတင်းဆိုး က ထပ်ကြားပြန်။

          “တစ်နေ့တစ်နေ့ ဘယ်အိမ်က မီးစက်မောင်းမလဲ နားစွင့်နေရ တာ။ မီးစက်သံကြားရင် ဖုန်းတွေ မီးလုံးတွေ အားသွင်းသွား။ ရေစက် ဆိုတာလည်း တစ်ခါမောင်း တစ်နာ ရီကို တစ်သောင်းကနေ တစ်သောင်း နှစ်ထောင်ပေးရတယ်။ လက်ဖက် ရည်ဆိုင်သွားရင်တောင် မီးစက် မောင်းတဲ့ဆိုင်သွားကြတာ။ အား သွင်းကြိုးတွေရော ဖုန်းတွေရော အကုန်ယူသွားရတာ။ ရာသီဥတုက ပူတော့ပိုဆိုးတယ်။ လူကြီးတွေ ရောဂါအခံရှိတဲ့သူတွေ ကလေး ငယ်ငယ်တွေဆို ဂရုစိုက်နေရတာ။ အများနဲ့ ဆိုင်တဲ့ အရာတွေတော့ ထိခိုက်အောင်မလုပ်ကြပါနဲ့။ ဒီကာ လချည်းထဲ စားဖို့ရုန်းကန်ရတာနဲ့ မ လွယ်ဘူး။ ညဆိုလည်း မှောင်မည်း လို့”ဟု ပခုက္ကူမြို့ခံတစ်ဦးက ပြော ပါတယ်။

          ဇွန်လ ၁ ရက်နေ့နဲ့ ၂၉ ရက် နေ့၊ ဇူလိုင်လ ၄ ရက်နေ့မှာ မဟာ ဓာတ်အားလိုင်း ချို့ယွင်းလို့ လျှပ် စစ်မီးပြတ်တောက်ခြင်းဟာ သဘာ ဝဘေးကြောင့် မဟုတ်ဘဲ လူ့ပ ယောဂကြောင့် ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ဓာတ်အားလိုင်း ထိခိုက်ခဲ့တာဖြစ်ပြီး ပြင်ဆင်ရေး အ ဖွဲ့တွေလည်း ဗုံးအန္တရာယ်ကြောင့် သွားဖို့မလွယ်ကူပါဘူး။ အားလုံးက စိုးရိမ်နေကြပါတယ်။ ဇူလိုင်လ ၉ ရက်နေ့မှာ မီးပြန်ရလို့ အားလုံးဝမ်း သာပျော်ရွှင်ခဲ့ပါတယ်။

          မီးအဆင်ပြေသွားပြန်တော့ မြစ်ရေဒုက္ခက စလာပါတယ်။ ဇူလိုင် ၁၀ ရက်နေ့လောက်ကစပြီး ပခုက္ကူ မြို့ဘေးက ဧရာဝတီမြစ်ရေဟာ တစ်ရက်ကို တစ်ပေကနေ တစ်ပေ ခွဲအထိ တက်လာတာမို့ ကမ်းနီးနေ ထိုင်သူတွေ စတင်ရွှေ့ပြောင်းမှု ပြုလုပ်ရပါတယ်။ ပထမတော့ ပစ္စည်း တွေအိမ်ပေါ်တင် လူလည်း အိမ်အ ပေါ်ထပ် တက်အိပ်ပေါ့။ သို့ပေမဲ့ ရေတက်က ရပ်မသွားပိုလို့ပင်တိုး လာလို့ ရေလွတ်ရာအထိ ပစ္စည်း တွေလည်းရွှေ့ လူတွေလည်း နေရာ ပြောင်းအိပ်။

          ဇူလိုင်လ ၁၂ ရက်နေ့မှာတော့ စိုးရိမ်ရေမှတ်အထက် သုံးပေအထိ ကျော်လွန်သွားတာမို့  မြို့တောင် ဘက်ခြမ်း အတော်များများ မြစ်ရေ ဝင်ရောက်သွားပါတယ်။ ပခုက္ကူမြို့ ရဲ့ အထင်ကရ မဟာဝိသုတာရာမ ပါဠိတက္ကသိုလ် (အလယ်တိုက်) ကြီးကို မြစ်ရေကျော်လွန်သွားပါ တယ်။ ရွှေ့ပြောင်းမှုပြုလုပ်သူ ပိုမို များပြားလာပြီး လမ်းဘေးရေလွတ် ရာတွေဆီမှာ ယာယီတဲတွေနဲ့ နေ ကြရသလို တချို့လည်း ဆွေမျိုးမိတ် ဆွေထံ သွားနေရပါတယ်။ မြို့ပေါ် က ရေလွတ်တဲ့ရပ်ကွက်တွေမှာ တော့ ရေဘေးအတွက် ထမင်းထုပ် အလှူခံပြီး သက်ဆိုင်ရာကနေ တစ်ဆင့် ပြန်လည်လှူဒါန်းကြပါ တယ်။

          မြစ်ရေကြီးမှုက ချင်းတွင်းနဲ့ ဧရာဝတီမြစ်ကမ်းဘေးတစ် လျှောက်မှာ ကြုံတွေ့နေတာဖြစ်လို့ ရေဘေးဒုက္ခဖြစ်တဲ့ မြို့တွေအ တော်များပါတယ်။ ပခုက္ကူမြို့ အနီး က ရေစကြိုမြို့နယ်ဆိုရင်လည်း ချင်းတွင်းမြစ်ရေကြောင့် ရေနစ် မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး ရွှေ့ ပြောင်းမှုတွေ ပြုလုပ်နေရပါတယ်။ ယခုလို မြစ်ရေအလွန်အမင်းကြီး လိမ့်မယ်လို့ မျှော်လင့်မထားတာ ကြောင့် တောင်သူတွေရဲ့ ရေသွင်း စိုက်ပျိုးတဲ့ ပဲတီစိမ်းနဲ့ မတ်ပဲခင်း တွေ ရေနစ်မြုပ်ပျက်စီးတာတွေ လည်း ရှိပါတယ်။

          “ပခုက္ကူနဲ့ ရေစကြိုကြား ကားလမ်းဘေးတစ်လျှောက်ရွာ တွေက ရေသွင်း စိုက်ပျိုးရေးလုပ်ကြ တာများတယ်။ ရေတက်တာလည်း ကြုံဖူးပါတယ်။ ဒီနှစ်လို ရေတက် ကြမ်းတာမျိုးတော့ မကြုံဖူးဘူး။ ရိုးပေါက်တွေလည်း ရေတက်လာ သလို မြစ်ကြောင်းကနေလည်း ရေလျှံကျလာတော့ စိုက်ခင်းတွေ အကုန်မြုပ်ပဲ။ တချို့အခင်းတွေဆို ဆွတ်ဖို့ ရိတ်ဖို့ ရက်ပိုင်းပဲလိုတော့ တာ။ အကုန်ဆုံးရှုံးကုန်တယ်။ အ ရင်နှစ်တွေက ရေတက်လည်း ရှစ် လပိုင်းလောက်မှ။ အဲဒီအချိန်ဆို တောင်သူလုပ်ငန်းက ပြီးစီးသ လောက်ပဲ။ ခုက အစောကြီးရှိသေး တယ်။ ရေကတက်လာတော့ ဘာမှ ပြင်ဆင်ချိန် မရဘူး”လို့ စိုက်ခင်း ရေမြုပ်ဆုံးရှုံးခဲ့တဲ့ ရေစကြိုမြို့နယ် က ဒေသခံတစ်ဦးက ပြောပါတယ်။

          ပခုက္ကူမြို့အနီးက ဧရာဝတီ မြစ်ရဲ့ အောက်ပိုင်းမှာရှိတဲ့ ညောင် ဦးမြို့မှာလည်း ရေဝင်နစ်မြုပ်တာ တွေ ဖြစ်ပေါ်နေပြီး ရွှေ့ပြောင်းမှု တွေ ပြုလုပ်ရတယ်လို့ သိရပါတယ်။ မှတ်တမ်းတင်ထားသူတွေရဲ့ ပြော ဆိုချက်အရ ယခုနှစ် ဧရာဝတီမြစ် ရေဟာ ၂၀၁၅၊ ၂၀၁၆ ခုနှစ်က ကြုံ တွေ့ခဲ့တဲ့ မြစ်ရေထက် ပိုမိုများပြား တယ်လို့ သိရပါတယ်။ ယခင်တုန်း က မြစ်ရေကြီးနစ်မြုပ်ပြီဆိုရင် ပရ ဟိတအသင်းတွေနဲ့ တာဝန်ရှိသူ တွေနဲ့ ပူးပေါင်းပြီး ကူညီကယ်ဆယ် မှု ပြုလုပ်ခဲ့ပေမဲ့ ဒီနှစ်တော့ အ ကြောင်းအမျိုးမျိုးနဲ့ နည်းပါးသွား ပါတယ်။

          “အရင်တုန်းက ရေကြီးပြီဆို ထမင်းထုပ်ရတာများ အများကြီးပဲ။ ဘဲဥကြက်ဥထုပ်ဆိုမစားဘဲ အ သားပါတဲ့ ထမင်းထုပ်ရွေးစားတာ။ အဲဒီလိုကို ပေါများခဲ့တာ။ ခုစီးပွား ရေးမကောင်းတော့ ကိုယ်လည်း သူ များ မပို့နိုင်ဘူး။ သူများလည်း ကိုယ် မပေးနိုင်ဘူး”လို့ ညောင်ဦးမြို့ခံ တစ်ဦးက ပြောပြပါတယ်။

          မြစ်ရဲ့ အထက်ပိုင်းမြို့တွေမှာ လည်း ရေကရှိနေဆဲဆိုတော့ အ လယ်ပိုင်းဒေသတွေမှာ မြစ်ရေပြန် ကျဖို့ မလွယ်သေးပါ။ ရေဘေးရှောင် သူတွေ နေအိမ်ပြန်ဖို့ တစ်ပတ် လောက်တော့ လိုဦးပါမယ်။ ရေကျ ပြီဆိုရင်လည်း သန့်ရှင်းရေး အ တော်လုပ်ယူရပါတယ်။ အထက် ပိုင်းနဲ့ အလယ်ပိုင်းက မြစ်ရေကျပြီ ဆိုရင် အောက်ပိုင်းဒေသတွေမှာ မြစ်ရေကြီးမှု ကြုံရမည်က အသေ အချာပင်။ ယခုနှစ်သည် အညာအ တွက်တော့ မီးဒုက္ခ ရေဒုက္ခပတ်လည် ဝိုင်းတဲ့နှစ်လို့ပဲ ဆိုချင်ပါတယ်။

Most Read

Most Recent