TNLA နှင့် SSPP အကြား တိုက်ပွဲလေးကြိမ် ဖြစ်ပွားရာတွင် TNLA ဘက်မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ဘက်က ပြန်လည် ခုခံရခြင်းဖြစ်ကြောင်း SSPP ထုတ်ပြန်

TNLA နှင့် SSPP အကြား တိုက်ပွဲလေးကြိမ် ဖြစ်ပွားရာတွင် TNLA ဘက်မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ဘက်က ပြန်လည် ခုခံရခြင်းဖြစ်ကြောင်း SSPP ထုတ်ပြန်
Published 10 July 2024

ဇူလိုင် ၅ ရက်က တအာင်းအဖွဲ့ (TNLA) နှင့် ရှမ်းအဖွဲ့ (SSPP) အကြား တိုက်ပွဲလေးကြိမ် ဖြစ်ပွားရာတွင် TNLA ဘက်မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် SSPP ဘက်က ပြန်လည်ခုခံရခြင်းဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်သည်။ 

SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့် အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များက နှောင့်ယှက်မှုအမျိုးမျိုး ဆက်တိုက်ကျူးလွန်နေသည်ဟု ဇူလိုင် ၈ ရက်က TNLA ၏ ထုတ်ပြန်ချက်အပေါ် SSPP ဘက်က ပြန်လည်တုံ့ပြန်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။

TNLA နှင့် SSPP တို့သည် ဇူလိုင် ၅ ရက်က ကျောက်မဲမြို့နယ် နောက်ပိန်နှင့် သီ ပေါမြို့နယ်တို့တွင် တိုက်ပွဲ လေးကြိမ်ဖြစ်ပွား ခဲ့ပြီး TNLA ဘက်မှ ပထမတန်းစစ်ဦးစီးအ ရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) နှင့် တပ်ရင်း (၅၇၇) တို့မှ တပ်ရင်းမှူးနှစ်ဦး၊ တပ်ဖွဲ့ဝင်သုံး ဦးနှင့် သီပေါမြို့နယ်မှူးတို့ သေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ 

TNLA က ကျောက်မဲမြို့၊ နောင်ပိန်အ နီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ် ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ် ခြင်းခံခဲ့ရကြောင်း၊ ထိုဖြစ်စဉ်တွင် တအာင်း တပ်မတော်၏ စစ်ဦးစီးမှူး၏နာမည် ပြောဆိုသံ ကြားရပြီး “ ….ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” ဟူသော စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခံရကြောင်း၊ တပ်မတော်စခန်းများမကျရှုံးမီ SSPP တပ်ဖွဲ့များထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက  တပ်မတော်တပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းထွက် ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း စသည့် TNLA စွပ်စွဲချက်နှင့်ပတ်သက်၍ ကလေးကလားဆန်သော စွပ်စွဲချက်များ ဖြစ် သည်ဟု SSPP က တုံ့ပြန်ခဲ့သည်။ 

ဇူလိုင် ၅ ရက်က TNLA နှင့် SSPP အ ကြား ကျောက်မဲမြို့နယ် နောင်ပိန်ရွာရှိ SSPP ကင်းစခန်းတွင်လည်းကောင်း၊ လုပ်ပါရွာ လမ်းခွဲရထားသံလမ်းဘေးရှိ ကင်းစခန်းတွင် လည်းကောင်း၊ သီပေါမြို့နယ် ကြံခင်းရွာအ နီးတွင်လည်းကောင်း၊ သီပေါမြို့နယ် နားခဲရွာ လမ်းခွဲတွင်လည်းကောင်း တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး TNLA က ပစ်ခတ်လာ၍ မလွှဲမရှောင် သာ ပြန်လည်ခုခံခဲ့ရသည်ဟု SSPP က ထုတ် ပြန်ခဲ့သည်။ 

ယခုကဲ့သို့ TNLA နှင့် SSPP အကြား ဖြစ်ပွားခဲ့သည့် ပြဿနာများကို ပြည်ထောင် စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) မှ သမာသမတ်ရှိရှိ စိစစ်ထိန်းသိမ်း ပေးရန် တင်ပြတောင်းဆိုထားပြီးဖြစ်ကြောင်း ကိုလည်း SSPP က ထုတ်ပြန်ထားသည်။ 

TNLA နှင့် SSPP တို့သည် FPNCC ၌ အဖွဲ့ဝင်များလည်း ဖြစ်ကြောင်း သိရသည်။ 



 

Most Read

Most Recent