ဆင်ပေါင်ဝဲမြို့နယ် သပြေစမ်းကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ဆင်ပေါင်ဝဲမြို့နယ် သပြေစမ်းကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 27 June 2024

ဆင်ပေါင်ဝဲမြို့နယ် သပြေစမ်းကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၂၃ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ဆင်ပေါင်ဝဲမြို့နယ် သပြေစမ်းကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆင်ပေါင်ဝဲမြို့နယ် ဆင်မြူးအောင်ကျေးရွာနေ ဒေါ်အုန်းမြင့် (၆၁ နှစ်) သည် ၎င်း၏နေအိမ်မှ သပြေစမ်းကျေးရွာသို့ ထွက်ခွာလာစဉ် သပြေစမ်းကျေးရွာ၏အနောက်ဘက် တစ်ဖာလုံခန့်အကွာ ကိုးပင်-သာဂရကားလမ်း ဘေးအရောက် PDF လေးဦး (စိစစ်ဆဲ) က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်အုန်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent