လိုတိုရှင်းစီးပွားရေးသုတ ( ၃၁-၃၅)

လိုတိုရှင်းစီးပွားရေးသုတ ( ၃၁-၃၅)
Published 3 March 2024

■ လိုတိုရှင်း စီးပွားရေးသုတ(၃၁)

ဘောဂဗေဒ ( Econmics ) 

    အီကော်နောမစ်  ကို မြန်မာဘာသာဖြင့်   ဘောဂဗေဒဟု အမည်ပေးခဲ့ကြသည်။  ထိုအချိန်က ခေါ် ဝေါ် ခဲ့သည့်အတိုင်း   ယခုတိုင်   ဘောဂဗေဒဟု အမည်တွင်နေဆဲပင် ။    ဘောဂ ဟူသည့် ဝေါဟာရ သည် ဥစ္စာဓနဖြစ်၍ဘောဂဗေဒသည် ဥစ္စာဓနကိုလေ့လာသောဘာသာ ရပ်ဟူ၍ မြန်မာမှုပြု ခဲ့ကြ ခြင်း ဖြစ် မည်ဟုထင်သည်။  အကန့် အသတ်မရှိဖြစ်ပေါ်နေသောလူတို့၏ လိုအင်ဆန္ဒများ    စိတ် ကျေနပ် မှုရ စေ ရန် အတွက် ကုန်စည် နှင့်ဝန်ဆောင်မှုများကို  ထုတ်လုပ်ရာတွင်  အကန့် အသတ်ဖြင့် ရှိနေ သော   သဘာဝ သယံဇာတ များကို        မည်သို့မည်ပုံဆောင်ရွက် သည်ကိုလေ့လာ ခြင်းဟုလည်း သဘော ပေါက် ကြ သည်။  ဘောဂဗေဒဘာသာရပ်သည့်စီးပွားရေးနှင့်သက်ဆိုင်သော ဘာသာရပ်အဖြစ် စီးပွားရေးပညာ/ စီးပွားရေး ဘာသာ ဟုလည်း အချို့က ခေါ်ကြသည်။ 

ဘောဂဗေဒကို   သည်  လူမှုရေးသိပ္ပံဘာသာရပ်တစ်ခုဖြစ်သည်ဟုလည်း သဘောထားကြသည်။ သည်။   ဘောဂဗေဒလေ့လာမှုတွင် လေ့လာသည့် နယ်ပယ်အကျယ်အဝန်းပေါ်မူတည်၍ အဓိကအားဖြင့်   မိုက်ခရို ဘောဂဗေဒ   နှင့် မက်ခရိုဘောဂဗေဒ   ဟူ၍ ခွဲခြားထားသည်။မိုက်ခရိုဘောဂဗေဒ သည်  လူ တစ်ဦး ချင်း၊ စီးပွားရေးလုပ်ငန်းတစ်ခုချင်း၏ သဘောသဘာဝ၊အခြေအနေ တို့ကို  လေ့လာ သည့် နယ်ပယ်ဖြစ်ပြီး ၊     မက်ခရိုဘောဂဗေဒမှာ နိုင်ငံ၏ထုတ်လုပ်မှု၊ဝင်ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ ကုန် ဈေးနှုန်းစသည့်    စီးပွားရေး အဆောက် အအုံတစ်ခုလုံးနှင့် သက်ဆိုင် သည့် အခြေ အနေ များ ကို လေ့ လာသည့် နယ်ပယ်ဖြစ်သည်။   

     ဘောဂဗေဒဘာသာရပ်ကို အမည် ပေးထားသည့်အတိုင်း ဥစ္စာ၊ဓနလေ့လာမှုနှင့် ဆက်စပ် မှုရှိနေသည့် ဘာသာရပ် ဟုဆိုနိုင်သော် လည်း ယနေခေတ်ကာလတွင် ဓနကိုလေ့လာခြင်းထက် ပိုမို ကျယ်ပြန့်သောအခြေအနေ များနှင့်  ကျယ်ကျယ်ပြန့်ပြန်ဆက်စပ်ပတ်သက်လျက်ရှိနေသည်။   ထို့ကြောင့်   ဘောဂဗေဒ ဘာသာရပ် မျိုးကွဲများထွက်ပေါ်လာလျက်ရှိရာ  ဒေသဆိုင်ရာဘောဂဗေ၊   မြို့ပြဆိုင် ရာ ဘောဂဗေဒ  ။ စိုက်ပျိုးရေးဘောဂဗေဒ     ၊ ဖွံဖြိုးမှုဘောဂဗေဒ    စသဖြင့် ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့်လည်း  လွန်ခဲ့သော နှစ်ပေါင်း၅ဝလောက်အချိန်က      အီကော်နောမစ်ကို ဘောဂဗေဒဟု ခေါ် ဆိုခြင်း သည် တစ်စိတ် တစ်ပိုင်းသာမှန်တော့သည်ဟု ဆရာကြီးဒေါ်က်တာလှမြင်က ပြောခဲ့ဖူးကြောင်း ဆရာမောင်စူးစမ်းက ၎င်း၏ဘောဂဗေဒ ကကြီး ခကွေး ဆောင်းပါးထဲတွင် ရေးသားထားသည်ကို  ဖတ်ရှု ဖူးသည်။     

ဝေါဟာရများ

ဘောဂဗေဒ/စီးပွားရေး= economics  

မိုက်ခရိုဘောဂဗေဒ =   microeconomics

မက်ခရိုဘောဂဗေဒ= macroeconomics   

အကန့်အသတ်မရှိသော လိုအင်ဆန္ဒများ = unlimited wants

အကန့်အသတ်ရှိသော အရင်းအမြစ်များ= limited resources   

■    လိုတိုရှင်း စီးပွားရေးသုတ(၃၂)

ရှားပါးမှု ( scarcity )

လူသားများအသုံးပြုနေသည့် အချိန်၊ငွေကြေး၊လုပ်အား၊၊ကရိယာတန်ဆာပလာများနှင့် ကုန်ကြမ်း ပစ္စည်းများ စသည့် အရင်းအမြစ် များ သည်အကန့်အသတ်ဖြင့်တည်ရှိနေသောအရာများဖြစ်သည်။ လူတို့ ၏ လိုအပ်ချက်များ၊လိုအင်ဆန္ဒများအားလုံး စိတ်ကျေနပ်မှုရရှိစေအတွက် အပြည့်အဝဖြည့် ဆည်း နိုင်စွမ်း မရှိကြပေ။ ထိုသို့ဖြစ်နေခြင်းမှာ ရှားပါးမှု ကြောင့်ဖြစ်သည်ဟု ဆိုသည်။ အကယ်၍ တည်ရှိနေသာ လူအဖွဲ့ အစည်း အရွယ်အစား နှင့်   နှိုင်းယှဉ်ပါက ရရှိနိုင်သည့် အရင်းအမြစ်ပဏာမ သည် ပိုမိုများ ပြားနေ သည့် တိုင် လူတို့ ၏လိုအင်ဆန္ဒမှာအကန့်အသတ်မရှိများပြားနေသောကြောင့်  အခြေအနေနှင့် အချိန်အခါ ပေါ်မူတည်၍ ရှား ပါးမှုဖြစ်ပေါ်လာလိမ့်မည်။

      စီးပွား ရေးအဆောက်အအုံတစ်ခုအတွင်း၌  အရင်းအမြစ်များသည့် အကန့်အသတ်ဖြင့် ရှိနေသောကြောင့်ကုန်စည်အများစုသည် အခကြေးငွေပေးမှရှိနိုင်သည့်  စီးပွားရေးကုန်စည်များ ဖြစ်လာ သည်။ ထိုကုန်စည်များကို ရှားပါးကုန်စည်များ ဟုလည်း ခေါ်ကြသည်။ ရောင်း လိုအား သည် ဝယ်လို အားထက်များပြားသည့် အခမဲ့ကုန်စည်များ လည်းရှိသည်။  လေ။ပင်လယ်ရေ သို့မဟုတ် သဲကန္တရာထဲ မှသဲများသည်  အခကြေးငွေ မှပေးရန်မလိုဘဲရနိုင်သောကြောင့်အခမဲ့ကုန် စည်များ ဟုဆိုကြသည်။ သို့သော် အခြေအနေအချိန်အခါရ အခမဲ့ကုန်စ ည်များသည်လည်း စီးပွားရေး ကုန်စည် များဖြစ်နိုင်သည်။ ဥပမာ လေကောင်း လေသန့်ရှားပါးသည့်နေရာတွင် လေသည်ရှားပါး ကုန် စည်ဖြစ်နိုင်သည်။ ရေကောင်းရေ သန့်ရှားပါးသောနေရာများတွင်လည်း ရေသည်ရှားပါး ကုန်စည်ဖြစ် နိုင်သည်။ 

     ရှားပါးမှုဖြစ်နေသည့်အခြေအနေတွင်  လိုအင်ဆန္ဒကို အပြည့်အဝဆုံးဖြည့်ဆည်းပေးနိုင်မည့် အရာကို  ရွေးချယ်မှုများ (choices )ပြုလုပ်၍ရယူကြရသည်။         ရှားပါးမှုကြောင့်  သယံဇာတများကို အကောင်း ဆုံး မည်သို့ ခွဲဝေသုံးစွဲမည်ဆိုသည်ကို လူတို့ စဉ်းစား တွေးခေါ်လာကြသည်။ အကယ်၍ ကမ္ဘာပေါ်တွင် သယံဇာတများ ပေါများစွာ   ရှိနေ ခဲ့ပါကထိုသယံဇာတများကို အကောင်းဆုံး မည်သို့ခွဲဝေ သုံးစွဲမည်ကို စဉ်းစားရန်မလို အပ်သ ဖြင့် ဘောဂဗေဒ ဘာသာရပ်ပင်ပေါ်ထွန်းလာမည်မဟုတ်ဟုဆိုသည်.   

ဝေါဟာရများ

အရင်းအမြစ်မျာ= resources

ရှားပါးမှု =  scarcity   

စီးပွားရေးကုန်စည် =  economic goods 

 ရှားပါးကုန်စည်=  scare goods 

ရွေးချယ်မှုများ = choices

■   လိုတိုရှင်း စီးပွားရေးသုတ(၃၃)

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှု   ( Public-private initiative) 

    အစိုးရ- ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှု ဆိုသည်မှာ  အချို့သောပြည်သူဝန်ဆောင် မှုလုပ်ငန်း များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက်  အစိုးရတစ်ရပ်နှင့် ပုဂ္ဂလိကစီးပွားရေး လုပ် ငန်း များကြား  အကျိုးတူ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြစ်သည်။      အချို့သော အများ ပြည်သူနှင့် သက်ဆိုင် သည့်  ဝန် ဆောင်မှုလုပ်ငန်း များကိုအစိုးရဌာန အဖွဲ့အစည်တစ်ခုတည်းက လုပ်ဆောင်ရန် မစွမ်းနိုင် သောကြောင့်  ပုဂ္ဂလိက ကဏ္ဍနှင့် ပူးပေါင်းလုပ်ဆောင်လာခြင်းဖြစ်သည်။ ဥပမာအားဖြင့် လမ်းနှင့် တံတားများ တည်ဆောက်ရေး၊ သောက်သုံးရေရရှိရေး ၊စွန့်ပစ်ပစ္စည်းဆိုင်ရာ စီမံလုပ်ဆောင်မှုနှင့် အကျဉ်း ထောင်များဆိုင်ရာ ကိစ္စများ စသည့် ပြည်သူ့ရေးရာဝန်ဆောင်မှုကိစ္စများ ကို ကန်ထရိုက်စာချုပ်များဖြင့် ပုဂ္ဂလိကစီးပွား ရေး လုပ်ငန်းများက လုပ်ကိုင်ခွင့်ရရှိကြသည်။

    ယနေ့ကာလတွင် နိုင်ငံ့ကာကွယ်ရေးအတွက်  အရေးကြီးသော   ကာကွယ်ရေးဌာနနှင့် သက်ဆိုင် သည့် ကိစ္စအချို့ကိုပင်ယုံကြည်စိတ်ချရသည့် ပုဂ္ဂလိက လုပ်ငန်းများ ကိုပါဝင် လုပ်ကိုင်စေမှုများ ရှိလာ နေ သည်။ဥပမာ-ကာကွယ်ရေးဝန်ကြီး ဌာနဝန်ထမ်းအိမ်ရာ ဆက် လုပ် ရေးများ၊ ထောက်ပံ့ ရေးဝန် ဆောင်မှု လုပ်ငန်းများအတွက် ပုဂ္ဂလိကကဏ္ဍမှလုပ်ငန်းရှင်မျာကိုကန်ထရိုက်ပေး၍ လုပ်ဆောင်စေခြင်း ဖြစ် သည်။  ထိုသို့ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှုများကို အစိုးရအနေဖြင့်   အခွန်ပေး ရသူ များ ၏ စရိတ် စက ကိုလျှော့ချနိုင်သည်ဟုရှုမြင်သည်။ပုဂ္ဂလိလုပ်ငန်းများသည် ၎င်းတို့၏ လုပ်ငန်းများတွင်  လိုအပ် သည့် ငွေကြေးအရင်းအနှီးကို ပမာဏတိုး၍အသုံးပြုကြရမည်။ ထို့ ကြောင့် အစိုးရ ၏ လုပ် ငန်း များ အတွက် စိုက်ထုတ်ကုန်ကျရမှုဝန်ထုပ်ဝန်ပိုးများ  လျော့ကျသွားနိုင်သည် ဟုလည်း ရှုမြင် ကြသည်။ 

         အစိုးရ- ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှုများသည် အစိုးရ၏အကူအညီထောက်ပံ့မှု၊ အခွန်အခလျှော့ ချ ပေးနိုင်မှုနှင့် သေချာပေါက်အကျိုးအမြတ်ရရှိမည်ဟု အာမခံချက်များရှိသောကြောင့် အစိုးရနှင့်အတူတကွလုပ်ဆောင်လိုသည့် ပုဂ္ဂလိကလုပ်ငန်း များကို ဆွဲဆောင်မှုမက်လုံးများ ပေး သကဲ့သို့ ရှိနေသည်။  နိုင်ငံတကာမှ ဖြစ်ရပ် များကို ဥပမာ ပေး ရလျင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ဆေးဝါးထုတ် လုပ်မှုဆိုင်ရာ လုပ်ငန်များကြား ပူးပေါင်းလုပ်ဆောင်မှုကို    ပြနိုင်သည်။ ထိုအခြေအနေသည် နိုင်ငံတကာ အဆင့် သိသာထင်ရှား သောပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်သည်။

ဝေါဟာရများ

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းလုပ်ဆောင်မှု    =   public-private inititaitives   

အများ ပြည်သူနှင့် သက်ဆိုင် သည့်  ဝန် ဆောင်မှုလုပ်ငန်း များ  =  public services

ကာကွယ်ရေးဌာန = Defense Department      

အခွန်ပေးရသူများ  =  taxpayers   

အစိုးရ၏အကူအညီထောက်ပံ့မှုများ =  government’s  subsidies

ကမ္ဘာ့ကျန်းမာရေးအဖွဲ့= World Health Organization (WHO)

■    လိုတိုရှင်း စီးပွားရေးသုတ(၃၄ )

လေထုညစ်ညမ်းမှုထိန်းချုပ်ရောင်းဝယ်ရေး အစီအစဉ် ( Cap-and-trade Scheme )

      cap-and trade scheme  အခေါ်အဝါ်တွင်   ပါဝင်သည့်    cap သည်      ထိန်းချုပ်မှုဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပြီး ၊ trade ဆိုသည်မှာရောင်းဝယ်ခြင်း၊ကုန်သွယ်ခြင်းဖြစ်သည်။  လေထု ညစ်ညမ်း စေသည့်     ကာဗွန် ထုတ်လွှတ်မှုကို  ဥပဒေအရ  ကန့်သတ်ထားမှုကို ဆိုလိုခြင်းဖြစ်သည်။  အစိုးရ အေဂျင်စီများက   က လေ ထု ညစ်ညမ်းစေတတ်သည့်  အရာများ ထုတ်လွှတ်မှုနှင့်ပတ်သက်၍     စီးပွားရေး လုပ်ငန်းများ လိုက်နာစေရန် ပမာဏအားဖြင့်ကန့်သတ်၊  သတ်မှတ်ထားလေ့ရှိသည်။ 

 ထို့ကြောင့်  cap-and trade scheme  ကို လေထု ညစ်ညမ်း မှုထိန်းချုပ်ရောင်းဝယ်ရေး အစီအစဉ်ဟု သဘောပေါက်ကြသည်။ တနည်းဆိုရလျှင်  အစိုးရနှင့် စျေးကွက်ယန္တရားတို့ ပေါင်းစပ်၍    လေထုညစ် ညမ်းမှု ကို လျှော့ချရန် စီစဉ်လုပ် ဆောင် နေသည့်  ချဉ်းကပ်မှုတစ်ရပ်လည်းဖြစ်သည်။ အခြေခံအယူအဆအားဖြင့် လေထုညစ် ညမ်းစေ ရန်ပြုလုပ် သူများက အခကြေးငွေပေး ဆောင်ရမည်ဖြစ် သည်။ သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေး အေဂျင်စီက မူ  ထိုအစီအစဉ်ကို   လေထုညစ်ညမ်းမှု ပြုလုပ်သူများ က လိုက်နာစေ ရန် သင့်လျော်စွာ စီစဉ်ထားသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ   ကိရိယာတစ်ခုဟု အဓိပ္ပါယ်ဖွင့် ကြ သည်။ ထိုကဲ့သို့ အစီအစဉ်များနှင့် ပတ်သက်၍ပေးနိုင်သည့် အကြီးဆုံး ဥပမာမှာ      ဥရောပ သမဂ္ဂကာဗွန်ကုန်သွယ်ရေး အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်တွင် လေထုညစ်ညမ်း စေနိုင်သည့် နေရာပေါင်း တစ်သောင်းကျော်မှ ထုတ်လွှတ်မှုများ   ထည့်သွင်းစဉ်းစားထားသည်။ 

      လေထုညစ်ညမ်းမှုသတ်မှတ်ချက်ထက် ထုတ်လွှတ်မှုပမာဏနည်းသည့်အခါဖြစ်စေ  ၊      များ သည့် အခါဖြစ်စေ  လေထုညစ်ညမ်းမှုခွင့်ပြုထားသည့် ပမာဏပေါ်မူတည်၍    စီးပွားရေးလုပ်ငန်းများ  အရောင်း အဝယ်ဖြစ် ပေါ်လေ့ရှိသည်။ စီးပွားရေးလုပ်ငန်းများကြားတွင်  ခွင့်ပြုချက်ပမာဏအပေါ် အရောင်း အဝယ်ပြုလုပ်ခြင်းကို လေထုညစ်ညမ်းမှုထိန်းချုပ်ရောင်းဝယ်ရေး အစီအစဉ်ဟုခေါ်ဆိုကြပြီး ကာဗွန် ရောင်းဝယ်ခြင်း ဟုလည်းခေါ်ကြသည်။ တနည်းအားဖြင့် လေထုညစ်ညမ်းစေသည့် ကာဗွန်ထုတ် လွှတ်ခွင့်ကို လက်လွှဲရယူခြင်း၊ လက်လွှဲပေးခြင်းဖြစ်သည်။ ထုတ်လွှတ်မှုပမာဏကို  လက်လွှဲရယူသူက အခကြေးငွေပေးရပြီး၊ ထုတ်လွှတ်မှုပမာဏကိုလွှဲပြောင်းပေးသူက    အခကြေးငွေ ရရှိသည်။   

 ဝေါဟာရများ

  လေထုညစ် ညမ်းမှု =   pollution   

 သဘာဝပတ်ဝန်း ကျင် ကာကွယ်ရေး အေဂျင်စီက  = Environmental Protection Agency    

လေထုညစ်ညမ်းမှု ပြုလုပ်သူ/ ထုတ်လွှတ်သူ     = polluter  

  ဥရောပသမဂ္ဂ ကာဗွန်ကုန်သွယ်ရေး အစီအစဉ် =   European Union Emission Trading Scheme 

   ကာဗွန် ရောင်းဝယ်ခြင်း = carbon  trading  

■ လိုတိုရှင်း စီးပွားရေးသုတ(၃၅ )

 ရေဂင်နောမစ် ( Reganomics)   

ရေဂင်နောမစ် ဆိုသည်မှာအမေရိကန်သမ္မတကြီ:ရော်နယ်ရေဂင် ကျင့်သုံးခဲ့သ စီးပွားရေး အယူအ ဆများကိုအမည်ပေးထားခြင်းဖြစ်သည်။    ရေဂင် အုပ်ချုပ်နေချိန် ၊ ၁၉၈၀ ပြည့်နှစ်များအတွင်း    အတွင်း     သမ္မတရော်နယ်ရေဂင်အစိုးရ အဖွဲ့ချမှတ်ကျင့်သုံးခဲ့ သော ရောင်းလိုအား  ဦ: စားပေးမူဝါဒ ကိုဆိုလိုသည်။    ငွေကြေးဖောင်းပွခြင်းနှင့် စီ:ပွားရေး တုံ့ဆိုင်း နေခြင် တို့ကိုတုန့်ပြန်လျက် ပုဂ္ဂလိကလုပ်ငန်းများ ကိုထောက် ပံ့မှုများ ပြုလုပ်ပေခြင်း၊ အစိုးရ အခန်းကဏ္ဍနှင့် အရွယ်အစားကိုသေး   ငယ်စေခြင်း တို့မှတဆင့် စီ:ပွားရေး ဖွံဖြိုးလာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်။

စစ်ပြီးကာလကိန်း(စ်) ဝါဒကို ဆန့်ကျင်မှုများ ပြုလုပ်ရာတွင် အဓိကပေါ်လစီဦး တည်ချက်များ အနေဖြင့်   အစိုးရအသုံးစရိတ်၊ ဝင်ငွေခွန်တို့ကိုလျှော့ချရန်၊စည်းမျဉ်းစည်း ကမ်းများဖြေလျော့ရန် နှင့် ငွေကြေး ဖောင်းပွမှုများကိုလျော့ချရန်ဖြစ် သည်။ထိုခေတ်အခါက ရေဂင် ပြောကြား ခဲ့သောထင်ရှား လူသိများသည် စကား တစ်ခွန်း ရှိသည်။ ထိုစကားမှာ “ အစိုးရကြီ: ထွား မှုကို လျော့ချခြင်းဖြင့် သာစီ:ပွား ရေးဖွံဖြိုး မှုမြင့်မားလာစေ ရန်ဆောင်ရွက်နိုင်မည် ”ဟူ၍ ဖြစ် သည်။

သမ္မတရော်နယ်ရေဂင်လက်ထက် အမေရိကန်ပြည်ထောင်စုတွင် ဝင်ငွေခွန်နှုန်း ကိုလျော့ချခဲ့ ရာ  အမြင့်ဆုံးနှုန်းဖြစ်သည့် ၇၈ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်း အထိကျ ဆင်း သွားခဲ့သည်။ အသုံးစရိတ် ကိုမူဖြတ် တောက်ခဲ့ခြင်းမရှိပေ ။ကာကွယ်ရေး အသုံးစရိတ် တိုး မြင့် သုံးစွဲခြင်းသည် အမေရိကန်နိုင်ငံ၏ ပြည်သူ့ ကြွေး မြီပမာဏ ကိုသိသိ သာ သာ မြင့် တက်စေခဲသည့် အခြေအနေဖြစ် လာခဲ့သည်။ ဘတ်ဂျက်လို ငွေ ၊ကုန်သွယ်မှု လို ငွေပြ အခြေအနေများသည်လည်းယခုတိုင် ကောင်းမွန် လာခြင်း မရှိသေး ပေ။

 

 ဝေါဟာရများ

 ရေဂင်နောမစ် =   Reganomics       

 ရောင်းလိုအားဦးစားပေး စီးပွားရေးမူဝါဒ= supply-side economic policy       

 တုံ့ဆိုင်းနေခြင်း =stagnation        

ကာကွယ်ရေးအသုံးစရိတ်   =defense spending       

 ဘတ်ဂျက်လိုငွေ    =   budget deficit   

ကုန်သွယ်မှုလိုငွေ= trade deficit 

Most Read

Most Recent